Author name: Admin 1

အမှုကိစ္စများကို ONLINE မှတစ်ဆင့်တိုင်ကြားနိုင်ရေး မိဘပြည်သူများသို့ အသိပေးခြင်း

ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆန့်ကျင်ရေး(GENDER BASED VIOLENCE)နှင့် ပါတ်သက်သောအမှုကိစ္စများကို ONLINE မှတစ်ဆင့်တိုင်ကြားနိုင်ရေး မိဘပြည်သူများသို့ အသိပေးခြင်း #MOWYCA #GenderBaseViolence Page 1 Page 2

အမှုကိစ္စများကို ONLINE မှတစ်ဆင့်တိုင်ကြားနိုင်ရေး မိဘပြည်သူများသို့ အသိပေးခြင်း Read More »

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး (၁၆ ရက်တာလှုပ်ရှားမှုနေ့ ) Gender မူဝါဒ အတည်ပြုခြင်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး (၁၆ ရက်တာလှုပ်ရှားမှုနေ့ ) Gender မူဝါဒ အတည်ပြုခြင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၁ )ရက် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ (ဂျန်ဒါအခြေပြု ) အကြမ်းဖက်မှုဆန့်ကျင်ရေး (၁၆) ရက်တာလှုပ်ရှားမှု အဖြစ်(နိုဝင်ဘာ ၂၅ရက်နေ့ )အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှ (ဒီဇင်ဘာ ၁၀ ရက်နေ့) ကမ္ဘာ့လူ့အခွင့်အရေးနေ့အထိ ကို နိုင်ငံတော်အစိုးရများအရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသော အဖွဲ့များက နှစ်စဉ်ကျင်းပလျက်ရှိရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဦးဆောင်၍ နိုင်ငံတစ်ဝှမ်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုလည်း ကာကွယ်တားဆီးနိုင်ရေး မိဘပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ “အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှု အဆုံးသတ်ဖို့တို့များ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး (၁၆ ရက်တာလှုပ်ရှားမှုနေ့ ) Gender မူဝါဒ အတည်ပြုခြင်း Read More »

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် ​အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားများ ကျင်းပပြုလုပ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏စိုးမိုးနယ်မြေအတွင်းရှိ မြို့နယ်အထက်တန်းကျောင်း တစ်ကျောင်းတွင် မြို့နယ်အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဌာန နှင့် မြို့နယ်လူ့အခွင့်အရေးဌာနတာဝန်ခံတို့ပူးပေါင်း၍ ၂ -၁၂- ၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းအချိန်၌ မိဘပြည်သူများ၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့်တွေ့ဆုံ၍ လူ့အခွင့်ရေးဆိုင်ရာနေ့ဟောပြောပွဲကို ကျင်းပခဲ့ရာ မြို့နယ် အမျိုးသမီးလူငယ်နှင့်ကလေး သူငယ်ရေးရာတာဝန်ခံများက အမျိုးသမီးနှင့်မိန်းကလေးများအပေါ်လိင်အကြမ်းဖက်မှုအဆုံးသတ်ဖို့တို့များအတူပူးပေါင်းစို့ ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်လူ့အခွင့်အရေး ဌာနတာဝန်ခံက လူ့အခွင့်အရေးဆိုင်ရာနေ့ နှင့်ပတ်သက်၍ လည်းကောင်း ဟောပြောခဲ့ကြပြီး (၁၆ ရက်တာလှုပ်ရှားမှု) ဖဲကြိုးဖြူလှုပ်ရှားမှု ပြုလုပ်ခြင်းတို့ ​ဆောင်ရွက်ခဲ့ကြပါသည်။ #2024_unitestopviolenceagainstwomenandgirls #16DaysOfActivism #myanmarspringrevoluations #MOWYCA #NationalUnityGovernment မကွေးတိုင်းဒေသကြီး၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏စိုးမိုးနယ်မြေအတွင်းရှိ မြို့နယ်​ဒေသကွပ်ကဲ​ရေးရုံးတွင် ၃ -၁၂- ၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းအချိန်၌ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များအား မကွေးမြို့သူ တစ်ဦးက

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် ​အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားများ ကျင်းပပြုလုပ်ခြင်း Read More »

တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုရဲ့ ( ၃ ) နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

“တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ မိန့်ခွန်းပြောကြားခြင်း ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ( ၅ )ရက်နေ့ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ( ၄ )ရက်နေ့တွင် ကျရောက်တဲ့ ကျမတို့ဝန်ကြီးဌာနရဲ့ တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုရဲ့ ၃ နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားမှာ တော်လှန်ရေး ကာလအတွင်း၊ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျမ်းမာရေး အတွက် တစိုက်မတ်မတ်ကူညီဆောင်ရွက်ပေးနေတဲ့ ဆရာ၊ ဆရာမ များကို ဂုဏ်ပြုခွင့်ရတဲ့အတွက် အင်မတန် ဝမ်းသာမိပါတယ်။ ဒီကာလဟာလဲ ၁၆ ရက်တာ အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု(နိုဝင်ဘာ ၂၅ ရက် – အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး နေ့ မှ ဒီဇင်ဘာ ၁၀ ရက်

တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုရဲ့ ( ၃ ) နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း Read More »

ကျား/မအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ရက်တာလှုပ်ရှားမှုနေ့အတွက် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်

ကျား/မအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ရက်တာလှုပ်ရှားမှုနေ့အတွက် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက် ၂၀၂၄ခု နှစ်၊ နိုဝင်ဘာလ ( ၂၈ )ရက် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၁ ။ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို နိုင်ငံတော်အစိုးရများအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသောအဖွဲ့များက နှစ်စဉ်ကျင်းပကြသည်။ ၂ ။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း ညွှန်ပြသည့်အနေဖြင့် ၁၉၉၁ ခုနှစ်တွင် ကျင်းပခဲ့သည့် “ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ ဦးဆောင်မှုအခမ်းအနား” တွင် တက်ကြွလှုပ်ရှားသူများမှစတင်ကာ နိုဝင်ဘာ ၂၅ရက်နေ့ (အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့) မှ ဒီဇင်ဘာ ၁၀ ရက်နေ့ (ကမ္ဘာ့လူ့အခွင့်အရေးနေ့) ထိ ၁၆ ရက်တာလှုပ်ရှားမှုကို နှစ်စဉ်

ကျား/မအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ရက်တာလှုပ်ရှားမှုနေ့အတွက် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက် Read More »

What is 16 Days of ACTIVISM?

What is 16 Days of ACTIVISM? နှစ်စဉ် နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ စုစုပေါင်း၁၆ရက်တာ ကာလကို ၁၆ရက်တာလှုပ်ရှားမှုဟု သတ်မှတ်ကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အသိပညာပေး လှုံ့ဆော်မှုနှင့် လှုပ်ရှားမှုအမျိုးမျိုးကို ကမ္ဘာနှင့်အဝန်းတွင် ပြုလုပ်ကြပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် ပြင်းထန်ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ဟုခေါ်ဆိုသည့်အပြင် ဖဲကြိုးဖြူနေ့ဟုလည်း ခေါ်ဆိုပါသည်။ #2024_unitestopviolenceagainstwomenandgirls #16DaysOfActivism #myanmarspringrevoluations #MOWYCA #NationalUnityGovernment

What is 16 Days of ACTIVISM? Read More »

အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ မှသည် ကလေးဖြစ်ခွင့်မရသောကလေးများဆီသို့

“အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ မှသည် ကလေးဖြစ်ခွင့်မရသောကလေးများဆီသို့” “ကလေးဘဝဟာ ပျော်စရာတွေနဲ့ ပြည့်နေပြီး၊ ဆော့ကစားတယ်၊ အချိန်တန်ရင် ထမင်းစားပြီး အချိန်တန်ရင် အိပ်တယ်” ဆိုတဲ့ အဓိပ္ပါယ်ဖော်ညွှန်းမှုမျိုးက ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ၂၀၂၁-၂၀၂၄ကာလအတွင်းမှာ တဖြည်းဖြည်းမှိန်ဖျော့လာပါပြီ။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဟာ ကလေးဘဝကို အဓိပ္ပါယ်မဲ့စေခဲ့ပါတယ်။ ကောင်းကင်ပေါ်က လေယာဉ်ပျံကို တာ့တာ လှမ်းပြပြီး မီးခိုးတန်းကလေးကို စိတ်မှန်းနဲ့ လှမ်းတို့ထိတဲ့ကလေးအရေအတွက်ဟာ နည်းသထက် နည်းလာပါတယ်။ စစ်တမ်းတွေအရ ကြည့်ကြမယ်ဆိုရင်လည်း ဒီသုံးနှစ်တာကာလအတွင်း သေဆုံးခဲ့ရသူထဲမှာ ၁၁.၂ရာခိုင်နှုန်း (၉၃၀ ဦး) ဟာ ကလေးများပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့သိခဲ့တဲ့ ‘ကလေး’ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ တစတစမှေးမှိန်သွားတယ်လို့ ပြောရင် မမှားပါဘူး။ ဒါ့အပြင် စစ်ဘေးဒဏ်ကို ခန္ဓာခွန်အား၊ စိတ်ခွန်အား အထိုက်အလျောက်ပြည့်ဝတဲ့လူကြီးများနည်းတူ ကလေးတွေဟာလည်း ခံစားရဆဲပါပဲ။ ပညာသင်ခွင့်နဲ့

အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ မှသည် ကလေးဖြစ်ခွင့်မရသောကလေးများဆီသို့ Read More »

ကမ္ဘာ့ကလေးများနေ့

ကမ္ဘာ့ကလေးများနေ့ အနာဂတ်အရေးရှေးရှူ့လို့ ကလေးသူငယ်အခွင့်အရေးများအတွက် ရပ်တည်စို့ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ( ၂၀ )ရက် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသော ကမ္ဘာ့ကလေးသူငယ်များနေ့အထိမ်းအမှတ်အဖြစ် “အနာဂတ်အရေးရှေးရှူ့လို့ ကလေးသူငယ်အခွင့်အရေးများအတွက် ရပ်တည်စို့ ” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲ စကားဝိုင်းအစီအစဥ်ကို အောက်ပါ channels များမှ မြန်မာစံတော်ချိန် နံနက် ( ၉:၀၀ ) တွင်တိုက်ရိုက် Live တင်ဆက်ပေးသွားပါမည်။ https://www.facebook.com/pvtvmyanmar https://www.facebook.com/DVBTVNews https://www.facebook.com/MizzimaDaily #ကမ္ဘာ့ကလေးများနေ့ #အမျိုးသားညီညွတ်ရေးအစိုးရ #အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန #PVTVNews #dvbtvnews #Mizzima

ကမ္ဘာ့ကလေးများနေ့ Read More »

ကမ္ဘာ့ကလေးများနေ့(နိုဝင်ဘာ ၂၀) အထိမ်းအမှတ်စွမ်း ရည်ပြိုင်ပွဲ

ကမ္ဘာ့ကလေးများနေ့(နိုဝင်ဘာ ၂၀) အထိမ်းအမှတ်စွမ်း ရည်ပြိုင်ပွဲအဖြစ် ကြားကာလ ပညာရေးကျောင်းပေါင်း(၂၀) ကျော် ပါဝင်တဲ့ တိုက်နယ်အဆင့်(ကဗျာရွတ်၊စာစီစာကုံး၊ ကျပန်းစကားပြော) ပြိုင်ပွဲကျင်းပပြုလုပ်ခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ( ၁၈ )ရက် နိုဝင်ဘာလ ၂၀ ရက်နေ့သည် ကလေးသူငယ်များ၏ အခွင့်အရေးများကို အသိအမှတ်ပြုရန် လိုအပ်သလို၊ တစ်ကမ္ဘာလုံးမှာရှိသည့် ကလေးငယ်များအပါအဝင် အထူးသဖြင့် မြန်မာနိုင်ငံမှာရှိသည့် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခွင့်အရေးများကို လည်း အထူးအသိအမှတ်ပြု ကာကွယ်စောင့်ရှောက်ပေးရမည့် အချိန်ကာလလည်းဖြစ်ပါသည်။ ယခုလိုအချိန်ကာလကြီးတွင် ကလေးငယ်များ ပညာတတ်မြောက်နိုင်စေဖို့ စာသင်ခန်းထဲရောက်ရှိစေရေးအတွက် မနည်းဆွဲခေါ်နေရသည့်အ​ခြေအနေများကြောင့် ပြင်ပဗဟုသုတများနှင့် စွမ်းရည်များကို လေ့လာခွင့်၊ ထုတ်ဖော်ပြသခွင့် မရရှိခဲ့ကြပါ။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ( MOWYCA ) ၏လမ်းညွှန်ချက်နှင့်အညီ

ကမ္ဘာ့ကလေးများနေ့(နိုဝင်ဘာ ၂၀) အထိမ်းအမှတ်စွမ်း ရည်ပြိုင်ပွဲ Read More »

ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်လျှက်ရှိသော ပစ္စည်းများလှူဒါန်းခဲ့ခြင်း

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ( ၅ )ရက် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလ များတွင် ပဲခူးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တို့တွင် ရေဘေးသင့်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက နှစ်နှစ်အောက် ကလေးများ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အာဟာရ အစားအစာများလှူဒါန်းခြင်းနှင့် ရေဘေးထောက်ပံ့မှုပစ္စည်းများလှူဒါန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ #အမျိူးသားညီညွတ်ရေးအစိုးရ #MOWYCA #donationforflood

ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်လျှက်ရှိသော ပစ္စည်းများလှူဒါန်းခဲ့ခြင်း Read More »