Author name: Admin 1

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား င်းလင်း ပြောကြား

၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ (၁၂ )နာရီ (၅၀)မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံတွင် အင်အားပြင်းသော ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့တွင် အိမ်နှင့်အဆောက်အအုံများ၊ စေတီဘုရားများ၊ ဗလီများ၊ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီး၍ ပြည်သူထောင်ချီသေဆုံးကာ သောင်းနှင့်ချီဒဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာ အရေးပေါ်ကယ်ဆယ်ကုသမှုပေးရန် လိုအပ်လျက်ရှိသည်။ အမေရိကန် နိုင်ငံအစိုးရနှင့် ရှိ အမေရိကန် နိုင်ငံရောက်မြန်မာပြည်သူများမှ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရန် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား Buffalo, Utica New York State များတွင်ရှင်းလင်း ပြောကြားခဲ့ပါသည်။ #MOWYCA

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား င်းလင်း ပြောကြား Read More »

မြန်မာအမျိုးသမီးများ၏ အခြေပြု အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခြင်း

မြန်မာအမျိုးသမီးများ၏ အခြေပြု အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပလျက်ရှိသော (၆၉) ကြိမ်မြောက် အမျိုးသမီးအခြေပြုကော်မရှင် Commission on Status of Women -CSW69 သို့ အမျိုးသမီး ၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှတက်ရောက်၍ မြန်မာအမျိုးသမီးများ ၏အခြေအနေ အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခဲ့ပါသည်။ #NationalUnityGovernment #MOWYCA မြန်မာအမျိုးသမီးများ ၏အခြေအနေ အစီရင်ခံစာအား ဖတ်ကြားတင်သွင်း

မြန်မာအမျိုးသမီးများ၏ အခြေပြု အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခြင်း Read More »

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား 2025

အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဦးစီးကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား (၂၀၂၅ မတ်လ ၈ ရက်နေ့(စနေနေ့)၊ မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ) အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဦးစီးကျင်းပသော ၂၀၂၅ ခုနှစ် မတ်လ (၈)ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား အားပြုလုပ်ကျင်းပခဲ့ရာ နိုင်ငံတော်ယာယီသမ္မတကြီး မှပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊နိုင်ငံတော်ဝန်ကြီးချုပ် မှပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ UN Women ၏ အမျိုးသမီးများနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း များပြုလုပ်ခဲ့ပါသည်။ ဦးဝင်းနိုင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီ၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ JCC-GP ကိုယ်စားပြုအနေဖြင့် ဆရာမ သော်သော်၊ ကရင်အမျိုးသမီးအစည်းအရုံး

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား 2025 Read More »

၂၀၂၁ ဖေဖော်ဝါရီလမှ၊ ၂၀၂၅ ဖေဖော်ဝါရီလ (၃၁) ရက်နေ့အထိ သေဆုံးသူဦးရေ ပြစာရင်း

၂၀၂၁ ဖေဖော်ဝါရီလမှ၊ ၂၀၂၅ မတ်လ (၃၁) ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ ပြည်သူများအပေါ် မတရားညှင်းပန်းနှိပ်ဆက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ကလေး၊ လူငယ်နှင့် အမျိုးသမီးဦးရေ ပြစာရင်း #MOWYCA #သေဆုံးသူဦးရေ #ကလေး #လူငယ် #အမျိုးသမီး

၂၀၂၁ ဖေဖော်ဝါရီလမှ၊ ၂၀၂၅ ဖေဖော်ဝါရီလ (၃၁) ရက်နေ့အထိ သေဆုံးသူဦးရေ ပြစာရင်း Read More »

ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့်ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့်အမှုဆောင်များတွေ့ဆုံခဲ့ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့်ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့်အမှုဆောင်များတွေ့ဆုံခဲ့ခြင်း ၇-၂-၂၀၂၅နေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့်ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂများဖြစ်သော ဂျပန်တနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Rengo) နှင့် အသေးစား၊အလတ်စား စက်ပစ္စည်းထုတ်လုပ်ရေး အလုပ်သမားသမဂ္ဂ(JAM) တို့မှ ဥက္ကဌ၊အမှုဆောင်များနှင့်တွေ့ဆုံခဲ့ပါသည် ။ ပြည်ထောင်စုဝန်ကြီးမှ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အစဉ်တစိုက် အားပေးကူညီပေးနေသည့် အလုပ်သမားသမဂ္ဂတာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် အလုပ်သမားရေးရာကဏ္ဍရပ်များတွင် ချိတ်ဆက်ဆောင်ရွက်ကာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ​၏ အခွင့်အရေးရပိုင်ခွင့်များအား ကူညီကာကွယ်ပေးနိုင်ရန်အတွက် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည် ။ အမျိုးသား ညီညွတ်ရေး အစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး National Unity Government of Myanmar Representative Office-

ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့်ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့်အမှုဆောင်များတွေ့ဆုံခဲ့ခြင်း Read More »

ဗိုလ်ချုပ်မွေးနေ့ နှင့် ကလေးများနေ့ အမှတ်တရ အဖြစ် ကလေးများအတွက် အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း

ဗိုလ်ချုပ်မွေးနေ့ နှင့် ကလေးများနေ့ အမှတ်တရ အဖြစ် ကလေးများအတွက် အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန နှင့် အလှူရှင်များမှ ပူးပေါင်း၍ ဗိုလ်ချုပ်မွေးနေ့ နှင့် က​လေးများနေ့ အမှတ်တရအဖြစ် ကလေးများအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ရာ သက်ဆိုင်ရာ အားကစားပြိုင်ပွဲအသီးသီးမှ ဆုရရှိသူများကို အလှူရှင်များမှ ကိုယ်တိုင်ကိုယ်ကျ မုန့်၊ အအေးနှင့် ဆုငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ #NationalUnityGovernment #MOWYCA #childrendaycelebration

ဗိုလ်ချုပ်မွေးနေ့ နှင့် ကလေးများနေ့ အမှတ်တရ အဖြစ် ကလေးများအတွက် အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း Read More »

စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်း လက်မှုပစ္စည်းများ နှင့် ကလေးငယ်များ၏ပန်းချီများ ရောင်းချခြင်းရန်ပုံငွေပွဲ

စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်း လက်မှုပစ္စည်းများ နှင့် ကလေးငယ်များ၏ပန်းချီများ ရောင်းချခြင်းရန်ပုံငွေပွဲ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့်က လေးသူငယ်ရေးရာဝန်ကြီးဌာန စီမံကိန်းဒေသ အတွင်းရှိကြသော စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်း လက်မှုပစ္စည်းများ နှင့် ကလေးငယ်များ၏ပန်းချီများကို ရန်ပုံငွေပွဲ အဖြစ် ရောင်းချခဲ့ရာ အိုဆာကာမှဂျပန် ယန်းငွေ (၁၂၀၀၀၀) ၊ ဟော်ကိုင်းဒိုးမှ ဂျပန်ယန်းငွေ (၈၂၀၀၀)၊တိုကျိုမှ ဂျပန်ယန်းငွေ (၆၄၀၀၀) ဖိုး ဝယ်ယူအားပေးခဲ့ပါသည်။ ရရှိလာသော ရန်ပုံငွေများကိုလည်း လိုအပ်မှုများစွာရှိနေသော စစ်ရှောင်စခန်းများနှင့်ကလေးငယ်များ၏ပညာရေး အစီအစဥ်များတွင်ပြန်လည် အသုံးပြုသွားပါမည်။ဝိုင်းဝန်းဝယ်ယူအားပေးခဲ့ကြသော ဂျပန်နိုင်ငံမှ တော်လှန်ညီအကို မောင်နှမများနှင့် မိသားစုများအား ဝန်ကြီးဌာနမှ ဝမ်းမြောက်ဝမ်းသာ အထူးပင်ကျေးဇူးတင်အပ်ပါသည်။ #NationalUnityGovernment #MOWYCA #ရန်ပုံငွေပွဲ

စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်း လက်မှုပစ္စည်းများ နှင့် ကလေးငယ်များ၏ပန်းချီများ ရောင်းချခြင်းရန်ပုံငွေပွဲ Read More »

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ လူငယ်ရေးရာဌာနကို ဝမ်းမြောက်ကြိုဆိုကြောင်း သဝဏ်လွှာ

ဝမ်းမြောက်ကြိုဆိုကြောင်း သဝဏ်လွှာ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက် ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ သည် ကရင်နီပြည် ကြားကာလအစီအမံ အပိုဒ် (၃၆)၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ် (၆) ပြဌာန်းချက်နှင့်အညီ လူငယ်ရေးရာဌာနကို ဖွဲ့စည်းလိုက်ကြောင်း ဝမ်းမြောက်စွာ သိရှိရပါသည်။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၏ လူငယ်ရေးရာဌာန အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးကို ဦးထိပ်ပန်ဆင်၍ ဤ နွေဦးတော်လှန်ရေးကာလ မှ စတင်၍ လူငယ် ထောက်ပံ့ရေး၊ အကာအကွယ်ပေးရေးနှင့် စွမ်းရည်မြှင့်တင်ရေး တို့အတွက် လူငယ်ဗဟိုပြု မူဝါဒများ နှင့် အစီအမံများဖြင့် လူငယ့်ပါဝင်မှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ အခွင့်အလမ်းများကို နိုင်ငံရေးကဏ္ဍ၊

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ လူငယ်ရေးရာဌာနကို ဝမ်းမြောက်ကြိုဆိုကြောင်း သဝဏ်လွှာ Read More »

၂၀၂၄ ခုနှစ်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပြုလုပ်ခြင်း

၂၀၂၄ ခုနှစ်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပြုလုပ်ခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုခရီးစဉ်၏ ပထမနေ့အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ကိုယ်စားလှယ်များနှင့် ကရင်အမျိုးသမီးအစည်းအရုံးတို့ပူးပေါင်းကာ အမျိုးသမီးများနှင့်မိန်းကလေးများအား အကြမ်းဖက်မှုမှကာကွယ်တားဆီးရေး အသိပညာပေးအစီအစဉ်များကို ကျင်းပခဲ့ပါသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားကို ၆-၁၂-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ အချိန်တွင်ကျင်းပပြီး အမျိုးသမီး ၈၈ ဦး၊ အမျိုးသား ၅ ဦး၊ စုစုပေါင်း ၉၃ ဦးတက်ရောက်ခဲ့ပါသည်။ ထို့နောက် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက

၂၀၂၄ ခုနှစ်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပြုလုပ်ခြင်း Read More »

Let’s Explore PSHEA

Let’s Explore PSHEA Policy To Action လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာအကာကွယ်ပေးရေး မူဝါဒ #Let‘sExplorePSHEA #policytoaction #MOWYCA Credit : ဝက်စဂွန်

Let’s Explore PSHEA Read More »