NEWS AND ACTIVITIES

ပဋိပက္ခ အခြေအနေများတွင် လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား” စကားဝိုင်းတိုက်ရိုက်ထုတ်လွှင့်မှု

“ပဋိပက္ခ အခြေအနေများတွင် လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား” စကားဝိုင်းတိုက်ရိုက်ထုတ်လွှင့်မှု ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ ယနေ့ဇွန်လ၂၈ရက်နေ့တွင်ပြုလုပ်သည့် “ပဋိပက္ခ အခြေအနေများတွင် လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား” စကားဝိုင်းတွင်း အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၊ အမျိုးသမီးနှင့် ဂျန်ဒါဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာ ၊ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဒေါ်မေစပယ်ဖြူ ၊ Women Alliance Burma(WAB)အဖွဲ့က မချောစုဟန် ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ မိခင်၊ကလေး၊ မွေးကင်းစ၊ မျိုးဆက်ပွါးနှင့် ပျိုရွယ်သူကျန်းမာရေး တွဲဖက်တာဝန်ခံ Dr.Charlie တို့က ဆွေးနွေးမှာဖြစ်ပြီး အစီအစဉ်တင်ဆက်သူအဖြစ် ဆရာမ စု တို့ကပါဝင်ဆွေးနွေးထားကြပါတယ်။ #လိင်အကြမ်းဖက်မှုပပျောက်ရေး

ပဋိပက္ခ အခြေအနေများတွင် လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား” စကားဝိုင်းတိုက်ရိုက်ထုတ်လွှင့်မှု Read More »

Minnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးမှတက်ရောက်ခြင်း

Minnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးမှတက်ရောက်ခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Minnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ကရင်အဖွဲ့အစည်းခေါင်းဆောင်များ မှ သွားရောက်၍ လုပ်ငန်းရပ်များအား ဆွေးနွေးခဲ့ပါသည်။ Congress Office မှ Mr. Chao မှ လက်ရှိနိုင်ငံရေး လုပ်ငန်းရပ်များ၊ မြန်မာပြည်ဒီမိုကရေစီ ထောက်ခံအားပေးရေး အစရှိသည့်လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှလည်း အမျိုးသားညီညွတ်ရေးအစိုးရ ၏လုပ်ဆောင်ချက်များ , အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ #NationalUnityGovernment #MOWYCA

Minnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးမှတက်ရောက်ခြင်း Read More »

Michigan ပြည်နယ်ရှိ Burma Center မှ Executive Director, Christina Khimနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံခြင်း

Michigan ပြည်နယ်ရှိ Burma Center မှ Executive Director, Christina Khimနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Michigan ပြည်နယ် ရှိ Burma Center သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် အမျိုးသမီးအဖွဲ့များမှ သွားရောက်လေ့လာ၍ လုပ်ငန်းရပ်များအား ဆွေးနွေးအားပေးစကားပြောကြားခဲ့ပါသည်။ Burma Center မှ Executive Director ဖြစ်သော Christina Khim မှ Burma Center ၏ လုပ်ငန်းရပ်များဖြစ်သော မူကြိုကလေးများအစီအစဉ်၊ မြန်မာစာသင်ကြားရေး၊ ကျန်းမာရေး ဝန်ဆောင်မှု၊ အလုပ်အကိုင်ရှာဖွေရေး၊ ဘာသာပြန်လုပ်ငန်း၊ ပညာရေးအစီအစဉ်များ အစရှိသည့်လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောပြခဲ့ပါသည်။

Michigan ပြည်နယ်ရှိ Burma Center မှ Executive Director, Christina Khimနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံခြင်း Read More »

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၊ ၁၉:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၁၅/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းအခြေအနေများနှင့် ရှေ့ဆက်၍ ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက ဝန်ကြီးဌာနအနေဖြင့် (က) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်၊ (ခ) ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် (ဂ) ၎င်းတို့၏ ဖက်ဒရယ်တည်ဆောက်ရေး ပါဝင်မှုကို မြှင့်တင်ရန် ဆိုသည့် ရည်ရွယ်ချက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြခြင်း Read More »

ဝန်ကြီးဌာန ဖွဲ့စည်းခြင်း (၄)နှစ်တာကာလ လုပ်ဆောင်ချက်များ

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းခြင်း (၄)နှစ်တာကာလ လုပ်ဆောင်ချက်များ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမျိုးသားညီညွတ်ရေးအစိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၏ နွေဦးတော်လှန်ရေး လေးနှစ်တာကာလပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ဤကာလအတွင်း ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးသူငယ်များ၏ ဘဝအရည်အသွေးမြင့်မားရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အောင်မြင်မှုများနှင့် လုပ်ဆောင်ချက်များ ၁။ အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ခြင်း • အမျိုးသမီးများ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်ချက်များမြင့်မားလာစေရန် မူဝါဒများချမှတ်နိူင်ခဲ့သည်။ • စစ်ဘေးရှောင် အမျိုးသမီး များအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်ပေးရေးနှင့် အကြမ်းဖက်ခံရသူများရှင်သန်လွတ်မြောက်ရေးအတွက် အထောက်အကူများ ပံပို့ပေးခဲ့ပါသည်။ • အမျိုးသမီးများ နိူင်ငံရေးတွင်ပိုမိုပါဝင်လာနိူင်စေရန်နည်းပညာအထောက်အကူများနှင့်ငွေကြေးဆိုင်ရာထောက်ပံမှုအစီစဥ်များချမှတ်နိူင်ခဲ့ပါသည်။

ဝန်ကြီးဌာန ဖွဲ့စည်းခြင်း (၄)နှစ်တာကာလ လုပ်ဆောင်ချက်များ Read More »

မြန်မာပြည် ငလျင်ဘေးသင့်ပြည်သူများအတွက်၊ ထိခိုက်ခံစားရသော အမျိုးသမီးများနှင့်ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားရေးအတွက် ပြင်ဆင်မှုအစည်းအဝေး

မြန်မာပြည် ငလျင်ဘေးသင့်ပြည်သူများအတွက်၊ ထိခိုက်ခံစားရသော အမျိုးသမီးများနှင့်ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားရေးအတွက် ပြင်ဆင်မှုအစည်းအဝေး ၂၀၂၅ခုနှစ် ၊ ဧပြီလ (၁၅)ရက် မြန်မာပြည် ငလျင်ဘေးသင့်ပြည်သူများအတွက်၊ ထိခိုက်ခံစားရသော အမျိုးသမီးများနှင့်ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားရေးအတွက် ပြင်ဆင်မှုအစည်းအဝေး အား အမျိုးသမီး ၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ မြို့နယ်တာဝန်ခံများ၊ ဒေသအခြေစိုက် လူမှုရေးအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များမှ ပြင်ဆင်ဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။ #NationalUnityGovernment #MOWYCA #2025MyanmarEarthquake

မြန်မာပြည် ငလျင်ဘေးသင့်ပြည်သူများအတွက်၊ ထိခိုက်ခံစားရသော အမျိုးသမီးများနှင့်ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားရေးအတွက် ပြင်ဆင်မှုအစည်းအဝေး Read More »

တိုင်ပင်ဖော် အခမဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှု Free counseling session

၂၀၂၅ခုနှစ် မတ်လ (၂၈-၃၀)ရက်နေ့ များတွင် အင်အားပြင်းသော ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့တွင် အိမ်နှင့်အဆောက်အအုံများ၊ ဘာသာရေး အဆောက်အဦးများ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီး၍ ပြည်သူထောင်ချီသေဆုံးကာ သောင်းနှင့်ချီဒဏ်ရာရရှိခဲ့သည်။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန နှင့် မိတ်ဖက်အဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအပြင် ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို လေ့ကျင့်ပျိုးထောင်ခြင်း ကိုငလျင်သင့်ဒေသများမှာ ပြုလုပ်ပေးလျက်ရှိပါသည်။ လုပ်နိုင်တဲ့အရာရှိသလို မလုပ်နိုင်တဲ့အရာရှိခြင်းကိုလက်ခံခြင်း။ စိတ်ထဲကအရာတွေကို နည်းလမ်းအမှန်တွေနဲ့ဖွင့်ထုတ်ခြင်း။ ဖြစ်ပျက်သွားတာတွေကို လက်ခံနိုင်ဖို့အတွက် အချိန်ယူခြင်း။ အားပေးဖေးမနိုင်တဲ့ အဝန်းအဝိုင်းတခုကြားမှာ နေခြင်း။ ကိုယ့်ကိုယ်ကိုယ် လျှော့မတွက်ခြင်း လူကုန်ကူးမှုခံရခြင်းမှကာကွယ်နိုင်ရန် လိုအပ်သည့် အချက်အလက် အဆက်အသွယ်များသေချာပေါက်အဆင်သင့်ထားပါ။ စိတ်ကျန်းမာရေးအထောက်အပံ့ကို တတ်ကျွမ်းနားလည်တဲ့ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ သဘာဝဘေးဒဏ်ပဲဖြစ်ဖြစ်၊ လူလုပ်ဘေးဒဏ်ပဲဖြစ်ဖြစ် စိတ်ကိုအနာတရဖြစ်တတ်တာချည်းပါပဲ။ ဒီဒဏ်ရာတွေသက်သာအောင်

တိုင်ပင်ဖော် အခမဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှု Free counseling session Read More »

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ Dr.Roy (Burma Advocacy Group-BAG) နှင့်တွေ့ဆုံခြင်း

အမေရိကန်နိုင်ငံအစိုးရနှင့် အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူများမှ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရန် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ Dr.Roy (Burma Advocacy Group-BAG) နှင့်တွေ့ဆုံခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၅ခုနှစ် မတ်လ ၃၀ ရက်နေ့ အမေရိကန်နိုင်ငံအစိုးရနှင့် အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူများမှ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရန် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ Dr.Roy (Burma Advocacy Group-BAG) နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ အမေရိကန်နိုင်ငံ အစိုးရနှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။ #MOWYCA

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ Dr.Roy (Burma Advocacy Group-BAG) နှင့်တွေ့ဆုံခြင်း Read More »

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား င်းလင်း ပြောကြား

၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ (၁၂ )နာရီ (၅၀)မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံတွင် အင်အားပြင်းသော ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့တွင် အိမ်နှင့်အဆောက်အအုံများ၊ စေတီဘုရားများ၊ ဗလီများ၊ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီး၍ ပြည်သူထောင်ချီသေဆုံးကာ သောင်းနှင့်ချီဒဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာ အရေးပေါ်ကယ်ဆယ်ကုသမှုပေးရန် လိုအပ်လျက်ရှိသည်။ အမေရိကန် နိုင်ငံအစိုးရနှင့် ရှိ အမေရိကန် နိုင်ငံရောက်မြန်မာပြည်သူများမှ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရန် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား Buffalo, Utica New York State များတွင်ရှင်းလင်း ပြောကြားခဲ့ပါသည်။ #MOWYCA

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား င်းလင်း ပြောကြား Read More »

မြန်မာအမျိုးသမီးများ၏ အခြေပြု အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခြင်း

မြန်မာအမျိုးသမီးများ၏ အခြေပြု အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပလျက်ရှိသော (၆၉) ကြိမ်မြောက် အမျိုးသမီးအခြေပြုကော်မရှင် Commission on Status of Women -CSW69 သို့ အမျိုးသမီး ၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှတက်ရောက်၍ မြန်မာအမျိုးသမီးများ ၏အခြေအနေ အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခဲ့ပါသည်။ #NationalUnityGovernment #MOWYCA မြန်မာအမျိုးသမီးများ ၏အခြေအနေ အစီရင်ခံစာအား ဖတ်ကြားတင်သွင်း

မြန်မာအမျိုးသမီးများ၏ အခြေပြု အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခြင်း Read More »