Minnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးမှတက်ရောက်ခြင်း

Minnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးမှတက်ရောက်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Minnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ကရင်အဖွဲ့အစည်းခေါင်းဆောင်များ မှ သွားရောက်၍ လုပ်ငန်းရပ်များအား ဆွေးနွေးခဲ့ပါသည်။
Congress Office မှ Mr. Chao မှ လက်ရှိနိုင်ငံရေး လုပ်ငန်းရပ်များ၊ မြန်မာပြည်ဒီမိုကရေစီ ထောက်ခံအားပေးရေး အစရှိသည့်လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှလည်း အမျိုးသားညီညွတ်ရေးအစိုးရ ၏လုပ်ဆောင်ချက်များ , အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။