FeaturePost

ပဋိပက္ခ အခြေအနေများတွင် လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား” စကားဝိုင်းတိုက်ရိုက်ထုတ်လွှင့်မှု

“ပဋိပက္ခ အခြေအနေများတွင် လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား” စကားဝိုင်းတိုက်ရိုက်ထုတ်လွှင့်မှု ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ ယနေ့ဇွန်လ၂၈ရက်နေ့တွင်ပြုလုပ်သည့် “ပဋိပက္ခ အခြေအနေများတွင် လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား” စကားဝိုင်းတွင်း အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၊ အမျိုးသမီးနှင့် ဂျန်ဒါဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာ ၊ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဒေါ်မေစပယ်ဖြူ ၊ Women Alliance Burma(WAB)အဖွဲ့က မချောစုဟန် ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ မိခင်၊ကလေး၊ မွေးကင်းစ၊ မျိုးဆက်ပွါးနှင့် ပျိုရွယ်သူကျန်းမာရေး တွဲဖက်တာဝန်ခံ Dr.Charlie တို့က ဆွေးနွေးမှာဖြစ်ပြီး အစီအစဉ်တင်ဆက်သူအဖြစ် ဆရာမ စု တို့ကပါဝင်ဆွေးနွေးထားကြပါတယ်။ #လိင်အကြမ်းဖက်မှုပပျောက်ရေး

ပဋိပက္ခ အခြေအနေများတွင် လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား” စကားဝိုင်းတိုက်ရိုက်ထုတ်လွှင့်မှု Read More »

Minnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးမှတက်ရောက်ခြင်း

Minnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးမှတက်ရောက်ခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Minnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ကရင်အဖွဲ့အစည်းခေါင်းဆောင်များ မှ သွားရောက်၍ လုပ်ငန်းရပ်များအား ဆွေးနွေးခဲ့ပါသည်။ Congress Office မှ Mr. Chao မှ လက်ရှိနိုင်ငံရေး လုပ်ငန်းရပ်များ၊ မြန်မာပြည်ဒီမိုကရေစီ ထောက်ခံအားပေးရေး အစရှိသည့်လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှလည်း အမျိုးသားညီညွတ်ရေးအစိုးရ ၏လုပ်ဆောင်ချက်များ , အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ #NationalUnityGovernment #MOWYCA

Minnesota ပြည်နယ်ရှိ State Congress Office သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးမှတက်ရောက်ခြင်း Read More »

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၊ ၁၉:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၁၅/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းအခြေအနေများနှင့် ရှေ့ဆက်၍ ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက ဝန်ကြီးဌာနအနေဖြင့် (က) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်၊ (ခ) ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် (ဂ) ၎င်းတို့၏ ဖက်ဒရယ်တည်ဆောက်ရေး ပါဝင်မှုကို မြှင့်တင်ရန် ဆိုသည့် ရည်ရွယ်ချက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြခြင်း Read More »

ဝန်ကြီးဌာန ဖွဲ့စည်းခြင်း (၄)နှစ်တာကာလ လုပ်ဆောင်ချက်များ

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းခြင်း (၄)နှစ်တာကာလ လုပ်ဆောင်ချက်များ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမျိုးသားညီညွတ်ရေးအစိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၏ နွေဦးတော်လှန်ရေး လေးနှစ်တာကာလပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ဤကာလအတွင်း ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးသူငယ်များ၏ ဘဝအရည်အသွေးမြင့်မားရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အောင်မြင်မှုများနှင့် လုပ်ဆောင်ချက်များ ၁။ အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ခြင်း • အမျိုးသမီးများ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်ချက်များမြင့်မားလာစေရန် မူဝါဒများချမှတ်နိူင်ခဲ့သည်။ • စစ်ဘေးရှောင် အမျိုးသမီး များအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်ပေးရေးနှင့် အကြမ်းဖက်ခံရသူများရှင်သန်လွတ်မြောက်ရေးအတွက် အထောက်အကူများ ပံပို့ပေးခဲ့ပါသည်။ • အမျိုးသမီးများ နိူင်ငံရေးတွင်ပိုမိုပါဝင်လာနိူင်စေရန်နည်းပညာအထောက်အကူများနှင့်ငွေကြေးဆိုင်ရာထောက်ပံမှုအစီစဥ်များချမှတ်နိူင်ခဲ့ပါသည်။

ဝန်ကြီးဌာန ဖွဲ့စည်းခြင်း (၄)နှစ်တာကာလ လုပ်ဆောင်ချက်များ Read More »

Let’s Explore PSHEA

Let’s Explore PSHEA Policy To Action လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာအကာကွယ်ပေးရေး မူဝါဒ #Let‘sExplorePSHEA #policytoaction #MOWYCA Credit : ဝက်စဂွန်

Let’s Explore PSHEA Read More »

အမှုကိစ္စများကို ONLINE မှတစ်ဆင့်တိုင်ကြားနိုင်ရေး မိဘပြည်သူများသို့ အသိပေးခြင်း

ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆန့်ကျင်ရေး(GENDER BASED VIOLENCE)နှင့် ပါတ်သက်သောအမှုကိစ္စများကို ONLINE မှတစ်ဆင့်တိုင်ကြားနိုင်ရေး မိဘပြည်သူများသို့ အသိပေးခြင်း #MOWYCA #GenderBaseViolence Page 1 Page 2

အမှုကိစ္စများကို ONLINE မှတစ်ဆင့်တိုင်ကြားနိုင်ရေး မိဘပြည်သူများသို့ အသိပေးခြင်း Read More »

MOWYCA ၂၀၂၃ခုနှစ်၁၆ရက်တာလူထုလှုပ်ရှားမှုမှတ်တမ်းများ

အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၃ခုနှစ်၁၆ရက်တာလူထုလှုပ်ရှားမှုမှတ်တမ်းများ

MOWYCA ၂၀၂၃ခုနှစ်၁၆ရက်တာလူထုလှုပ်ရှားမှုမှတ်တမ်းများ Read More »

၂၀၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို

မတ်လ(၈)ရက် ၂၀၂၄ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသော၂၀၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို မတ်လ(၈)ရက်(သောကြာနေ့) နံနက် ၁၀ နာရီအချိန်တွင် မဇ္ဈိမသတင်းဌာန၊ ခေတ်သစ်မီဒီယာ၊ DVB၊ Public Voice Television(PVTV) နှင့် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့​၏ Facebook Page များမှတိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ရာပြည်သူလူထုများအနေဖြင့်ကြည့်ရှုနိုင်ပါကြောင်း လေးစားစွာအသိပေးဖိတ်ကြားအပ်ပါသည်။

၂၀၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို Read More »

MOWYCA PSHEA Policy

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာအကာကွယ်ပေးရေး မူဝါဒ

MOWYCA PSHEA Policy Read More »