MOWYCA Facebook Live

Let’s Explore PSHEA

Let’s Explore PSHEA Policy To Action လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာအကာကွယ်ပေးရေး မူဝါဒ #Let‘sExplorePSHEA #policytoaction #MOWYCA Credit : ဝက်စဂွန်

Let’s Explore PSHEA Read More »

ကမ္ဘာ့ကလေးများနေ့

ကမ္ဘာ့ကလေးများနေ့ အနာဂတ်အရေးရှေးရှူ့လို့ ကလေးသူငယ်အခွင့်အရေးများအတွက် ရပ်တည်စို့ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ( ၂၀ )ရက် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသော ကမ္ဘာ့ကလေးသူငယ်များနေ့အထိမ်းအမှတ်အဖြစ် “အနာဂတ်အရေးရှေးရှူ့လို့ ကလေးသူငယ်အခွင့်အရေးများအတွက် ရပ်တည်စို့ ” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲ စကားဝိုင်းအစီအစဥ်ကို အောက်ပါ channels များမှ မြန်မာစံတော်ချိန် နံနက် ( ၉:၀၀ ) တွင်တိုက်ရိုက် Live တင်ဆက်ပေးသွားပါမည်။ https://www.facebook.com/pvtvmyanmar https://www.facebook.com/DVBTVNews https://www.facebook.com/MizzimaDaily #ကမ္ဘာ့ကလေးများနေ့ #အမျိုးသားညီညွတ်ရေးအစိုးရ #အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန #PVTVNews #dvbtvnews #Mizzima

ကမ္ဘာ့ကလေးများနေ့ Read More »

ကမ္ဘာ့ကလေးများနေ့(နိုဝင်ဘာ ၂၀) အထိမ်းအမှတ်စွမ်း ရည်ပြိုင်ပွဲ

ကမ္ဘာ့ကလေးများနေ့(နိုဝင်ဘာ ၂၀) အထိမ်းအမှတ်စွမ်း ရည်ပြိုင်ပွဲအဖြစ် ကြားကာလ ပညာရေးကျောင်းပေါင်း(၂၀) ကျော် ပါဝင်တဲ့ တိုက်နယ်အဆင့်(ကဗျာရွတ်၊စာစီစာကုံး၊ ကျပန်းစကားပြော) ပြိုင်ပွဲကျင်းပပြုလုပ်ခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ( ၁၈ )ရက် နိုဝင်ဘာလ ၂၀ ရက်နေ့သည် ကလေးသူငယ်များ၏ အခွင့်အရေးများကို အသိအမှတ်ပြုရန် လိုအပ်သလို၊ တစ်ကမ္ဘာလုံးမှာရှိသည့် ကလေးငယ်များအပါအဝင် အထူးသဖြင့် မြန်မာနိုင်ငံမှာရှိသည့် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခွင့်အရေးများကို လည်း အထူးအသိအမှတ်ပြု ကာကွယ်စောင့်ရှောက်ပေးရမည့် အချိန်ကာလလည်းဖြစ်ပါသည်။ ယခုလိုအချိန်ကာလကြီးတွင် ကလေးငယ်များ ပညာတတ်မြောက်နိုင်စေဖို့ စာသင်ခန်းထဲရောက်ရှိစေရေးအတွက် မနည်းဆွဲခေါ်နေရသည့်အ​ခြေအနေများကြောင့် ပြင်ပဗဟုသုတများနှင့် စွမ်းရည်များကို လေ့လာခွင့်၊ ထုတ်ဖော်ပြသခွင့် မရရှိခဲ့ကြပါ။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ( MOWYCA ) ၏လမ်းညွှန်ချက်နှင့်အညီ

ကမ္ဘာ့ကလေးများနေ့(နိုဝင်ဘာ ၂၀) အထိမ်းအမှတ်စွမ်း ရည်ပြိုင်ပွဲ Read More »

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဘတ်ဂျတ်နှင့် လုပ်ဆောင်မှု | Women & Children’s Hours (Ep 02)

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဘတ်ဂျတ်နှင့် လုပ်ဆောင်မှု | Women & Children’s Hours (Ep 02)အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကဲန်ပိန်းလှုပ်ရှားမှုကို ၁၆ ရက်ကြာ ကျင်းပရန် အမျိုးသားညီညွတ်ရေးအစိုးရက စီစဉ်ထားသည်။ အစိုးရထံတိုင်ကြားလာသော အမှုများနှင့် မည်သို့မည်ပုံအပြစ်ပေးအရေးယူသည်၊ ဝန်ကြီးဌာန ဘတ်ဂျတ်နှင့် မည်သို့ဆောင်ရွက်သည်ဆိုခြင်းများကို Women and Children’s Hours အစီအစဉ်တွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်​ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ပြောကြားထားသည်။ ယခုအစီအစဉ်ကို မဇ္ဈိမရုပ်မြင်သံကြားတွင် မြန်မာစံတော်ချိန် အင်္ဂါနေ့ည ၇ နာရီ ၃၀ မိနစ်တွင် အပတ်စဉ်ထုတ်လွှင့်ပြသနေပါသည်။

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဘတ်ဂျတ်နှင့် လုပ်ဆောင်မှု | Women & Children’s Hours (Ep 02) Read More »

၂၀၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို

မတ်လ(၈)ရက် ၂၀၂၄ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသော၂၀၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို မတ်လ(၈)ရက်(သောကြာနေ့) နံနက် ၁၀ နာရီအချိန်တွင် မဇ္ဈိမသတင်းဌာန၊ ခေတ်သစ်မီဒီယာ၊ DVB၊ Public Voice Television(PVTV) နှင့် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့​၏ Facebook Page များမှတိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ရာပြည်သူလူထုများအနေဖြင့်ကြည့်ရှုနိုင်ပါကြောင်း လေးစားစွာအသိပေးဖိတ်ကြားအပ်ပါသည်။

၂၀၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို Read More »