တိုင်ပင်ဖော် အခမဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှု Free counseling session

၂၀၂၅ခုနှစ် မတ်လ (၂၈-၃၀)ရက်နေ့ များတွင် အင်အားပြင်းသော ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့တွင် အိမ်နှင့်အဆောက်အအုံများ၊ ဘာသာရေး အဆောက်အဦးများ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီး၍ ပြည်သူထောင်ချီသေဆုံးကာ သောင်းနှင့်ချီဒဏ်ရာရရှိခဲ့သည်။
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန နှင့် မိတ်ဖက်အဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအပြင် ကလေးများအတွက်
စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို လေ့ကျင့်ပျိုးထောင်ခြင်း ကိုငလျင်သင့်ဒေသများမှာ ပြုလုပ်ပေးလျက်ရှိပါသည်။
☑️ လုပ်နိုင်တဲ့အရာရှိသလို မလုပ်နိုင်တဲ့အရာရှိခြင်းကိုလက်ခံခြင်း။
☑️ စိတ်ထဲကအရာတွေကို နည်းလမ်းအမှန်တွေနဲ့ဖွင့်ထုတ်ခြင်း။
☑️ ဖြစ်ပျက်သွားတာတွေကို လက်ခံနိုင်ဖို့အတွက် အချိန်ယူခြင်း။
☑️ အားပေးဖေးမနိုင်တဲ့ အဝန်းအဝိုင်းတခုကြားမှာ နေခြင်း။
☑️ ကိုယ့်ကိုယ်ကိုယ် လျှော့မတွက်ခြင်း
☑️ လူကုန်ကူးမှုခံရခြင်းမှကာကွယ်နိုင်ရန် လိုအပ်သည့် အချက်အလက် အဆက်အသွယ်များသေချာပေါက်အဆင်သင့်ထားပါ။
စိတ်ကျန်းမာရေးအထောက်အပံ့ကို တတ်ကျွမ်းနားလည်တဲ့ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။
သဘာဝဘေးဒဏ်ပဲဖြစ်ဖြစ်၊ လူလုပ်ဘေးဒဏ်ပဲဖြစ်ဖြစ် စိတ်ကိုအနာတရဖြစ်တတ်တာချည်းပါပဲ။ ဒီဒဏ်ရာတွေသက်သာအောင် ဝန်ကြီးဌာနမှ “တိုင်ပင်ဖော်” Telegram ကတဖက်တလမ်းကနေ ကူညီပေးချင်ပါတယ်။
ရင်ဖွင့်ချင်တာတွေ၊ တိုင်ပင်ချင်တာတွေအတွက် တိုင်ပင်ဖော် အခမဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှုမှာ Free counseling sessionတွေကို အကန့်အသတ်မရှိ ရယူနိုင်ပါပြီ။
🌻