NEWS AND ACTIVITIES

What is 16 Days of ACTIVISM?

What is 16 Days of ACTIVISM? နှစ်စဉ် နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ စုစုပေါင်း၁၆ရက်တာ ကာလကို ၁၆ရက်တာလှုပ်ရှားမှုဟု သတ်မှတ်ကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အသိပညာပေး လှုံ့ဆော်မှုနှင့် လှုပ်ရှားမှုအမျိုးမျိုးကို ကမ္ဘာနှင့်အဝန်းတွင် ပြုလုပ်ကြပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် ပြင်းထန်ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ဟုခေါ်ဆိုသည့်အပြင် ဖဲကြိုးဖြူနေ့ဟုလည်း ခေါ်ဆိုပါသည်။ #2024_unitestopviolenceagainstwomenandgirls #16DaysOfActivism #myanmarspringrevoluations #MOWYCA #NationalUnityGovernment

What is 16 Days of ACTIVISM? Read More »

အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ မှသည် ကလေးဖြစ်ခွင့်မရသောကလေးများဆီသို့

“အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ မှသည် ကလေးဖြစ်ခွင့်မရသောကလေးများဆီသို့” “ကလေးဘဝဟာ ပျော်စရာတွေနဲ့ ပြည့်နေပြီး၊ ဆော့ကစားတယ်၊ အချိန်တန်ရင် ထမင်းစားပြီး အချိန်တန်ရင် အိပ်တယ်” ဆိုတဲ့ အဓိပ္ပါယ်ဖော်ညွှန်းမှုမျိုးက ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ၂၀၂၁-၂၀၂၄ကာလအတွင်းမှာ တဖြည်းဖြည်းမှိန်ဖျော့လာပါပြီ။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဟာ ကလေးဘဝကို အဓိပ္ပါယ်မဲ့စေခဲ့ပါတယ်။ ကောင်းကင်ပေါ်က လေယာဉ်ပျံကို တာ့တာ လှမ်းပြပြီး မီးခိုးတန်းကလေးကို စိတ်မှန်းနဲ့ လှမ်းတို့ထိတဲ့ကလေးအရေအတွက်ဟာ နည်းသထက် နည်းလာပါတယ်။ စစ်တမ်းတွေအရ ကြည့်ကြမယ်ဆိုရင်လည်း ဒီသုံးနှစ်တာကာလအတွင်း သေဆုံးခဲ့ရသူထဲမှာ ၁၁.၂ရာခိုင်နှုန်း (၉၃၀ ဦး) ဟာ ကလေးများပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့သိခဲ့တဲ့ ‘ကလေး’ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ တစတစမှေးမှိန်သွားတယ်လို့ ပြောရင် မမှားပါဘူး။ ဒါ့အပြင် စစ်ဘေးဒဏ်ကို ခန္ဓာခွန်အား၊ စိတ်ခွန်အား အထိုက်အလျောက်ပြည့်ဝတဲ့လူကြီးများနည်းတူ ကလေးတွေဟာလည်း ခံစားရဆဲပါပဲ။ ပညာသင်ခွင့်နဲ့

အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ မှသည် ကလေးဖြစ်ခွင့်မရသောကလေးများဆီသို့ Read More »

ကမ္ဘာ့ကလေးများနေ့

ကမ္ဘာ့ကလေးများနေ့ အနာဂတ်အရေးရှေးရှူ့လို့ ကလေးသူငယ်အခွင့်အရေးများအတွက် ရပ်တည်စို့ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ( ၂၀ )ရက် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသော ကမ္ဘာ့ကလေးသူငယ်များနေ့အထိမ်းအမှတ်အဖြစ် “အနာဂတ်အရေးရှေးရှူ့လို့ ကလေးသူငယ်အခွင့်အရေးများအတွက် ရပ်တည်စို့ ” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲ စကားဝိုင်းအစီအစဥ်ကို အောက်ပါ channels များမှ မြန်မာစံတော်ချိန် နံနက် ( ၉:၀၀ ) တွင်တိုက်ရိုက် Live တင်ဆက်ပေးသွားပါမည်။ https://www.facebook.com/pvtvmyanmar https://www.facebook.com/DVBTVNews https://www.facebook.com/MizzimaDaily #ကမ္ဘာ့ကလေးများနေ့ #အမျိုးသားညီညွတ်ရေးအစိုးရ #အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန #PVTVNews #dvbtvnews #Mizzima

ကမ္ဘာ့ကလေးများနေ့ Read More »

ကမ္ဘာ့ကလေးများနေ့(နိုဝင်ဘာ ၂၀) အထိမ်းအမှတ်စွမ်း ရည်ပြိုင်ပွဲ

ကမ္ဘာ့ကလေးများနေ့(နိုဝင်ဘာ ၂၀) အထိမ်းအမှတ်စွမ်း ရည်ပြိုင်ပွဲအဖြစ် ကြားကာလ ပညာရေးကျောင်းပေါင်း(၂၀) ကျော် ပါဝင်တဲ့ တိုက်နယ်အဆင့်(ကဗျာရွတ်၊စာစီစာကုံး၊ ကျပန်းစကားပြော) ပြိုင်ပွဲကျင်းပပြုလုပ်ခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ( ၁၈ )ရက် နိုဝင်ဘာလ ၂၀ ရက်နေ့သည် ကလေးသူငယ်များ၏ အခွင့်အရေးများကို အသိအမှတ်ပြုရန် လိုအပ်သလို၊ တစ်ကမ္ဘာလုံးမှာရှိသည့် ကလေးငယ်များအပါအဝင် အထူးသဖြင့် မြန်မာနိုင်ငံမှာရှိသည့် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခွင့်အရေးများကို လည်း အထူးအသိအမှတ်ပြု ကာကွယ်စောင့်ရှောက်ပေးရမည့် အချိန်ကာလလည်းဖြစ်ပါသည်။ ယခုလိုအချိန်ကာလကြီးတွင် ကလေးငယ်များ ပညာတတ်မြောက်နိုင်စေဖို့ စာသင်ခန်းထဲရောက်ရှိစေရေးအတွက် မနည်းဆွဲခေါ်နေရသည့်အ​ခြေအနေများကြောင့် ပြင်ပဗဟုသုတများနှင့် စွမ်းရည်များကို လေ့လာခွင့်၊ ထုတ်ဖော်ပြသခွင့် မရရှိခဲ့ကြပါ။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ( MOWYCA ) ၏လမ်းညွှန်ချက်နှင့်အညီ

ကမ္ဘာ့ကလေးများနေ့(နိုဝင်ဘာ ၂၀) အထိမ်းအမှတ်စွမ်း ရည်ပြိုင်ပွဲ Read More »

ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်လျှက်ရှိသော ပစ္စည်းများလှူဒါန်းခဲ့ခြင်း

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ( ၅ )ရက် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလ များတွင် ပဲခူးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တို့တွင် ရေဘေးသင့်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက နှစ်နှစ်အောက် ကလေးများ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အာဟာရ အစားအစာများလှူဒါန်းခြင်းနှင့် ရေဘေးထောက်ပံ့မှုပစ္စည်းများလှူဒါန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ #အမျိူးသားညီညွတ်ရေးအစိုးရ #MOWYCA #donationforflood

ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်လျှက်ရှိသော ပစ္စည်းများလှူဒါန်းခဲ့ခြင်း Read More »

အမျိုးသားညီညွတ်ရေးအစိုးရ ရေးဆွဲနေသော ဂျဲန်ဒါမူဝါဒ(မူကြမ်း)ကို ရှင်းလင်း​ဖြေကြားခြင်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အမျိူးသားညီညွတ်ရေးအစိုးရ ၊အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်တို့ တွေ့ဆုံခဲ့ကြပြီး ဝန်ကြီးဌာနလုပ်ငန်းစဉ်များနှင့် MWPN လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ကြပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ရေးဆွဲနေသော ဂျဲန်ဒါမူဝါဒ(မူကြမ်း)ကို ရှင်းလင်း​ဖော်ပြခဲ့ပြီး အကြံပြုချက်များနှင့် မေးခွန်းများကို ဖြေကြားခဲ့ပါသည်။ #အမျိုးသားညီညွတ်ရေးအစိုးရ #MOWYCA #ဆွေးနွေးပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ ရေးဆွဲနေသော ဂျဲန်ဒါမူဝါဒ(မူကြမ်း)ကို ရှင်းလင်း​ဖြေကြားခြင်း Read More »

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နှင့် ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများတွေ့ဆုံ

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်ခဲ့သော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရ အဖြစ် ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများမှ အမှတ်တရ မွေးနွေပွဲအား စုပေါင်းပြုလုပ်ခဲ့သည်။ အဆိုပါ မွေးနေ့ပွဲ၏ ရန်ပုံငွေရှာဖွေခြင်း အစီအစဉ်များမှ ရရှိလာသော လှူဒါန်းငွေများထဲမှ ဂျပန်ယန်း ၆၇၅,၅၁၇ အား အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနသို့ လှူဒါန်းခြင်း အစီအစဉ်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဂျပန်နိုင်ငံရေးရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် စောဘလှသိန်း နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ရုံးအဖွဲ့ဝင်များ၊ ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများမှ တက်ရောက်ခဲ့သည်။ လက်ခံရရှိသော

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နှင့် ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများတွေ့ဆုံ Read More »

တော်လှန် LGBTIQ+ community နှင့် တွေ့ဆုံဆွေးနွေးခြင်း။

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် တော်လှန် LGBTIQ+ community တို့ တွေ့ဆုံဆွေးနွေးခြင်း။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက် နေ့တွင် အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး စူစန်နာလှလှစိုး၊ ဌာနမှ တာဝန်ရှိသူများ နှင့် တော်လှန် LGBTIQ+ community မှ မိုးကုတ်စစ်ဦးစီးချုပ် ၊ ထောက်ပို့ အဖွဲ့ဝင်များ ၊ Activist များနှင့် တခြားသော တာဝန်ရှိသူများမှ Gender equality နှင့်ပတ်သက်သည်များ ၊ တော်လှန်ရေးအတွင်း ပါဝင်တိုက်ပွဲဝင်နေကြသော PDF ရဲမေများ ၊ LGBT ရဲဘော်များနှင့် gender အခြေပြု ခွဲခြား ဆက်ဆံခံရခြင်း ကိစ္စ

တော်လှန် LGBTIQ+ community နှင့် တွေ့ဆုံဆွေးနွေးခြင်း။ Read More »

ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲ

ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲ ~~~~~~~~~~~~~~~~~~~ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ရက် ယနေ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ရက် တွင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန(MOWYCA) ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန(MOHAI) ၊ တရားရေးဝန်ကြီးဌာန(MOJ) ၊ မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးယူနစ်(SCPRU) တို့မှပူးပေါင်းပြီး “ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ ” ခေါင်းစဥ်ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်​ ရေးရာဝန်ကြီး ​ဌာနမှ ဝန်ကြီး နော်စူစန်နာလှလှစိုး တက်ရောက်ခဲ့ပြီး အမျိုးးသမီး၊ လူငယ်နှင့်က​လေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဦးတည်ချက်များ၊ ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသောဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများ၏ကျင့်ဝတ်များ၊ မဟာဗျူဟာနှင့်မူဝါဒရေးဆွဲခြင်း၊ လိင်အကြမ်းဖက်ကျူးလွန်မှုမှတ်တမ်းများ၊ လိင်အခြေပြု အကြမ်းဖက်မှုများအတွက် အရေးပေါ်ဝန်ဆောင်မှု မူဝါဒလမ်းညွှန်ချက်များ၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းဆိုင်ရာအကာအကွယ်ပေးမူဝါဒများ၊ လုပ်ငန်းတာဝန်များနှင့်

ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲ Read More »