NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဘတ်ဂျတ်နှင့် လုပ်ဆောင်မှု | Women & Children’s Hours (Ep 02)
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကဲန်ပိန်းလှုပ်ရှားမှုကို ၁၆ ရက်ကြာ ကျင်းပရန် အမျိုးသားညီညွတ်ရေးအစိုးရက စီစဉ်ထားသည်။ အစိုးရထံတိုင်ကြားလာသော အမှုများနှင့် မည်သို့မည်ပုံအပြစ်ပေးအရေးယူသည်၊ ဝန်ကြီးဌာန ဘတ်ဂျတ်နှင့် မည်သို့ဆောင်ရွက်သည်ဆိုခြင်းများကို Women and Children’s Hours အစီအစဉ်တွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ပြောကြားထားသည်။ ယခုအစီအစဉ်ကို မဇ္ဈိမရုပ်မြင်သံကြားတွင် မြန်မာစံတော်ချိန် အင်္ဂါနေ့ည ၇ နာရီ ၃၀ မိနစ်တွင် အပတ်စဉ်ထုတ်လွှင့်ပြသနေပါသည်။
