အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပပြီး တရားရေးဝန်ကြီးဌာနမှဆရာမများက ဝန်ထမ်းနှင့်မြ်ု့နယ်တာဝန်ခံများအတွက် အခြေခံဥပဒေပညာသိကောင်းစရာများကို ၂၀၂၄
ဖေဖေါ်ဝါရီ ၂ရက်နှင့် ၃ရက်နေ့တွင်ပို့ချခဲ့ပါသည်။
သင်တန်းတွင် ဒေါ်မေဖူးပွင့်က အမျိုးသမီးအခွင့်အရေးနှင့် CEDAW စာချုပ်အကြောင်း၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများနှင့်အကာအကွယ်ပေးသည့်ပုဒ်မများ၊ အွန်လိုင်းပေါ်မှခြိမ်းခြောက်မှုများအကြောင်းကိုပို့ချခဲ့ပြီး ဒေါ်လင်းလက်က အခြေခံလူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာကလေးသူငယ်ဥပဒေ၊ မြန်မာနိုင်ငံကလေးသူငယ်ဥပဒေပြဌာန်းချက်၊ ကလေးသူငယ်ဥပဒေနှင့်အကြမ်းဖက်ခြင်းများအကြောင်းကိုပို့ချခဲ့သည်။
သင်တန်းသို့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊
ရန်ကုန်တ်ိုင်းနှင့် တနင်္သာရီတိုင်းတို့မှ township officers၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများစုစုပေါင်း ၅၀ကျော်တက်ရောက်ခဲ့ကြသည်။