အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် တော်လှန် LGBTIQ+ community တို့ တွေ့ဆုံဆွေးနွေးခြင်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက် နေ့တွင် အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး စူစန်နာလှလှစိုး၊ ဌာနမှ တာဝန်ရှိသူများ နှင့် တော်လှန် LGBTIQ+ community မှ မိုးကုတ်စစ်ဦးစီးချုပ် ၊ ထောက်ပို့ အဖွဲ့ဝင်များ ၊ Activist များနှင့် တခြားသော တာဝန်ရှိသူများမှ Gender equality နှင့်ပတ်သက်သည်များ ၊ တော်လှန်ရေးအတွင်း ပါဝင်တိုက်ပွဲဝင်နေကြသော PDF ရဲမေများ ၊ LGBT ရဲဘော်များနှင့် gender အခြေပြု ခွဲခြား ဆက်ဆံခံရခြင်း ကိစ္စ များ၊ မူဝါဒလမ်းညွှန်ချက်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာသော LGBTIQ+ community မှ မေးခွန်းများ ၊ တင်ပြမှုများ ၊ တော်လှန်ရေးအောင်မြင်သည့်အထိဆက်လက် ပူးပေါင်းလက်တွဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တိုင်ပင်ဆွေးနွေး၍ အစည်းအဝေးအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

