ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲ

ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ
သတင်းစာရှင်းလင်းပွဲ
~~~~~~~~~~~~~~~~~~~
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်
ယနေ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ရက် တွင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန(MOWYCA) ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန(MOHAI) ၊ တရားရေးဝန်ကြီးဌာန(MOJ) ၊ မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးယူနစ်(SCPRU) တို့မှပူးပေါင်းပြီး “ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ ” ခေါင်းစဥ်ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်​ ရေးရာဝန်ကြီး ​ဌာနမှ ဝန်ကြီး နော်စူစန်နာလှလှစိုး တက်ရောက်ခဲ့ပြီး အမျိုးးသမီး၊ လူငယ်နှင့်က​လေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဦးတည်ချက်များ၊ ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသောဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများ၏ကျင့်ဝတ်များ၊ မဟာဗျူဟာနှင့်မူဝါဒရေးဆွဲခြင်း၊ လိင်အကြမ်းဖက်ကျူးလွန်မှုမှတ်တမ်းများ၊ လိင်အခြေပြု အကြမ်းဖက်မှုများအတွက် အရေးပေါ်ဝန်ဆောင်မှု မူဝါဒလမ်းညွှန်ချက်များ၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းဆိုင်ရာအကာအကွယ်ပေးမူဝါဒများ၊ လုပ်ငန်းတာဝန်များနှင့် အရေးယူဆောင်ရွက်မှုများ စသည့်ခေါင်းစဥ်များဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
တက်ရောက်လာသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ သံရုံးများ၊နှင့် မီဒီယာများမှ မေးမြန်းခဲ့သော မေးခွန်းများကိုလဲ ဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။