ဝန်ကြီးဌာန ဖွဲ့စည်းခြင်း (၄)နှစ်တာကာလ လုပ်ဆောင်ချက်များ

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းခြင်း (၄)နှစ်တာကာလ လုပ်ဆောင်ချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသားညီညွတ်ရေးအစိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၏ နွေဦးတော်လှန်ရေး လေးနှစ်တာကာလပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ဤကာလအတွင်း ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးသူငယ်များ၏ ဘဝအရည်အသွေးမြင့်မားရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
အောင်မြင်မှုများနှင့် လုပ်ဆောင်ချက်များ
၁။ အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ခြင်း
• အမျိုးသမီးများ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်ချက်များမြင့်မားလာစေရန် မူဝါဒများချမှတ်နိူင်ခဲ့သည်။
• စစ်ဘေးရှောင် အမျိုးသမီး များအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်ပေးရေးနှင့် အကြမ်းဖက်ခံရသူများရှင်သန်လွတ်မြောက်ရေးအတွက် အထောက်အကူများ ပံပို့ပေးခဲ့ပါသည်။
• အမျိုးသမီးများ နိူင်ငံရေးတွင်ပိုမိုပါဝင်လာနိူင်စေရန်နည်းပညာအထောက်အကူများနှင့်ငွေကြေးဆိုင်ရာထောက်ပံမှုအစီစဥ်များချမှတ်နိူင်ခဲ့ပါသည်။
၂။ လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး
• လူငယ်များ၏ ကျန်းမာရေးနှင့် စွမ်းဆောင်ရည်များ မြှင့်တင်ရန် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်ခဲ့ပါသည်။
• လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် စီးပွားရေးဆိုင်ရာ သင်တန်းများ ပို့ချခဲ့ပါသည်။
• နိူင်ငံရေးတက်ကြွလှုပ်ရှားလူငယ်များအတွက် လုံခြုံရေး နှင့် တိုးတက်ရေးအတွက် ဆက်လက်လုပ်ကိုင်ရမည့်လုပ်ငန်းစဥ်များ အတွက် အထောက်အပံ့များ ပံ့ပိုးပေးခဲ့ပါသည်။
၃။ ကလေးသူငယ်များ၏ အခွင့်အရေးကာကွယ်ရေး
• ကလေးသူငယ်များ၏ လုံခြုံစိတ်ချရမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးအခွင့်အရေးဆိုင်ရာ မူဝါဒများ ကို ချမှတ်ဆောင်ရွက်ပေးခဲ့ပါသည်။
• ကလေးသူငယ်များ၏ အနာဂတ်လုံခြုံစိတ်ချရေး နှင့် အခွင့်အလမ်းများရရှိရေးအတွက် ပိုမိုဆောင်ရွက်ခဲ့ပါသည်။
အနာဂတ်လုပ်ငန်းစဉ်များ
• အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးသူငယ်များ၏ ဘဝအရည်အသွေးကို ပိုမိုမြှင့်တင်ရန် နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးသွားမည်။
• လူငယ်များ၏ စွမ်းဆောင်ရည်များ မြှင့်တင်ရန် နိုင်ငံတကာနှင့် ချိတ်ဆက်ကာ အသိပညာနှင့် လေ့ကျင့်ရေး အစီအစဉ်များ အကောင်အထည်ဖော်သွားမည်။
• ကလေးသူငယ်များ၏ လုံခြုံစိတ်ချရမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုထိရောက်သော မူဝါဒများ ချမှတ်ဆောင်ရွက်သွားမည်။
ကျေးဇူးတင်လွှာ
……………………………………………….……………………………….
ဤလေးနှစ်တာ ကာလအတွင်း ဝန်ကြီးဌာန၏ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကူညီပေးကြသော ပြည်သူများ၊ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် လုပ်အားပေးသူများအား အထူးကျေးဇူးတင်ရှိပါသည်။ အနာဂတ်တွင် ပိုမိုကောင်းမွန်သော လူမှုအဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရန် အတူတကွ ဆက်လက်ကြိုးပမ်းသွားကြပါစို့။
အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
၄ နှစ်ပြည့် အထိမ်းအမှတ်