နန်နဝါရီ ၁၁
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်
နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် Lincoln Foundation တို့ပူးတွဲဖွင့်လှစ်သော IDP စစ်ဘေးရှောင်အမျိုးသမီးများအတွက်အသက်မွေးဝမ်းကျောင်းပညာရပ်တခုဖြစ်သည့်အခြေခံစက်ချုပ်သင်တန်းများစဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိရာ
၂၀၂၃နှစ်၊ နိုဝင်ဘာလ ကဖွင့်လှစ်ခဲ့သောသင်တန်းဆင်းပွဲတစ်ရပ်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးတက်ရောက်အားပေးပြီး သင်တန်းသူများကိုအမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်မှသင်တန်းသူများ၏ချုပ်
လုပ်မှုလက်ရာများကိုကြည့်ရှုစစ်ဆေးပြီးအားပေးစကားပြောကြားခဲ့သည်။
အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အလားတူစက်ချုပ်သင်တန်းများကိုထပ်မံပြုလုပ်ပေးရန်ရှိပါသည်။









