အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အား အောင်မြင်စွာကျင်းပခြင်း
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အား အောင်မြင်စွာကျင်းပခြင်း Read More »
ကချင်ပြည်နယ် လိုင်ဇာမြို့က မုန်လိုင်ခက်ဒုက္ခသည်စခန်းကို အောက်တိုဘာလ ၉ ရက်နေ့ညက စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်မှုကြောင့် ကလေးသူငယ်နဲ့ အမျိုးသမီးများအပါအဝင် လူပေါင်းများစွာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည်။အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ပစ်မှတ်တွင် ကလေးသူငယ်နှင့် အမျိုးသမီးများပါဝင်လေ့ရှိရာ အကာကွယ်ပေးနိုင်ရေး၊ ထောက်ပံ့ကူညီရေးကိစ္စရပ်များကို မဇ္ဈိမ၏ အသစ်ထုတ်လွှင့်လိုက်သော အစီအစဉ်တခုဖြစ်သည့် Women and Children’s Hours တွင်အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးကို တွေ့ဆုံမေးမြန်းထားသည် #Women and Children’s Hours#နော်ဆူဇန်နာလှလှစိုး#Mizzima————————
NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဘတ်ဂျတ်နှင့် လုပ်ဆောင်မှု | Women & Children’s Hours (Ep 02)အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကဲန်ပိန်းလှုပ်ရှားမှုကို ၁၆ ရက်ကြာ ကျင်းပရန် အမျိုးသားညီညွတ်ရေးအစိုးရက စီစဉ်ထားသည်။ အစိုးရထံတိုင်ကြားလာသော အမှုများနှင့် မည်သို့မည်ပုံအပြစ်ပေးအရေးယူသည်၊ ဝန်ကြီးဌာန ဘတ်ဂျတ်နှင့် မည်သို့ဆောင်ရွက်သည်ဆိုခြင်းများကို Women and Children’s Hours အစီအစဉ်တွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ပြောကြားထားသည်။ ယခုအစီအစဉ်ကို မဇ္ဈိမရုပ်မြင်သံကြားတွင် မြန်မာစံတော်ချိန် အင်္ဂါနေ့ည ၇ နာရီ ၃၀ မိနစ်တွင် အပတ်စဉ်ထုတ်လွှင့်ပြသနေပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၃ခုနှစ်၁၆ရက်တာလူထုလှုပ်ရှားမှုမှတ်တမ်းများ
MOWYCA ၂၀၂၃ခုနှစ်၁၆ရက်တာလူထုလှုပ်ရှားမှုမှတ်တမ်းများ Read More »
မိဘပြည်သူများရှင်ပြီးခဲ့သောနှစ်အတွင်း ကြုံတွေ့ခဲ့ရသောစိန်ခေါ်မှုများနှင့် အခက်အခဲများကို နှုတ်ဆက်ရင်း၊ ၂၀၂၄ နှစ်သစ်အတွက် အကောင်းဆုံးသော အရာများကို လက်ခံရရှိနိုင်ဖို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ရဲရင့်လှတဲ့ ပြည်သူများ၊ တော်လှန်ရေးရဲဘော်များ၊ အမျိုးသမီးများ၊ LGBTQ+ တစ်ဦးချင်းစီ နှင့် လူမျိုးစုအသီးသီး၏ မယိမ်းယိုင်သော စိတ်ဓာတ်နှင့် ကြံ့ခိုင်မှု စွမ်းအားတို့ကို ၂၀၂၃ ခုနှစ်တစ်လျှောက် မြင်တွေ့ခဲ့ရပြီးဖြစ်ပါသည်။ ဒုက္ခများရင်ဆိုင်ရစဉ်တွင် ပြည်သူတို့၏ တရားမျှတမှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီအတွက် ကြံ့ခိုင်မှုခွန်အား နှင့် စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြပါသည်။ယခုနှစ်သစ်တွင်လည်း ထိုကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် တော်လှန်မီးတောက်ကို ဆက်လက်သယ်ယူရန် သာမက ပိုမိုတောက်ပသောအနာဂတ်ကို မျှော်ကြည့်ရင်း၊ တန်းတူညီမျှမှုနှင့် လူတိုင်းပါဝင်နိုင်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်တစ်ရပ်ကို အတူတကွ တည်ဆောက်နိုင်ရန် မျှော်မှန်းရမည် ဖြစ်သည်။ လူတစ်ဦးချင်းစီအတွက် ၎င်းတို့၏ ကျား၊မ၊ လိင်စိတ်ခံယူမှု သို့မဟုတ် လူမျိုးဘာသာ၊
နှစ်သစ်ဆုတောင်း သဝဏ်လွှာ Read More »
နန်နဝါရီ ၁၁ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် Lincoln Foundation တို့ပူးတွဲဖွင့်လှစ်သော IDP စစ်ဘေးရှောင်အမျိုးသမီးများအတွက်အသက်မွေးဝမ်းကျောင်းပညာရပ်တခုဖြစ်သည့်အခြေခံစက်ချုပ်သင်တန်းများစဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိရာ၂၀၂၃နှစ်၊ နိုဝင်ဘာလ ကဖွင့်လှစ်ခဲ့သောသင်တန်းဆင်းပွဲတစ်ရပ်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးတက်ရောက်အားပေးပြီး သင်တန်းသူများကိုအမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။ထို့နောက် ကရင်ပြည်နယ်မှသင်တန်းသူများ၏ချုပ်လုပ်မှုလက်ရာများကိုကြည့်ရှုစစ်ဆေးပြီးအားပေးစကားပြောကြားခဲ့သည်။အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အလားတူစက်ချုပ်သင်တန်းများကိုထပ်မံပြုလုပ်ပေးရန်ရှိပါသည်။
အမျိုးသမီးများအတွက်အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ Read More »
ဖေဖေါ်ဝါရီ ၂, ၂၀၂၄ ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေးပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေး ပထမနေ့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၁၁) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ (၅၀.၇၂) ရာခိုင်နှုန်း တက်ရောက်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ အစည်းအဝေးအား အစီအစဉ် (၁၈) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြသည်။ယင်းနောက် အမျိုးသားညီညွတ်ရေးအစိုးရမှတင်သွင်းသောနှစ်ပတ်လည်အစီရင်ခံစာအား အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနော်စူစန်နာလှလှစိုးမှ ဖန်ကြားအစီရင်ခံခဲ့သည်။အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ နိုင်ငံတကာမှ ဧည့်သည်တော်များနှင့် မီဒီယာများ ပါဝင်တက်ရောက်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရမှတင်သွင်းသော နှစ်ပါတ်လည်အစီရင်ခံစာဖတ်ကြား Read More »
ဖေဖေါ်ဝါရီ ၂, ၂၀၂၄ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပပြီး တရားရေးဝန်ကြီးဌာနမှဆရာမများက ဝန်ထမ်းနှင့်မြ်ု့နယ်တာဝန်ခံများအတွက် အခြေခံဥပဒေပညာသိကောင်းစရာများကို ၂၀၂၄ဖေဖေါ်ဝါရီ ၂ရက်နှင့် ၃ရက်နေ့တွင်ပို့ချခဲ့ပါသည်။သင်တန်းတွင် ဒေါ်မေဖူးပွင့်က အမျိုးသမီးအခွင့်အရေးနှင့် CEDAW စာချုပ်အကြောင်း၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများနှင့်အကာအကွယ်ပေးသည့်ပုဒ်မများ၊ အွန်လိုင်းပေါ်မှခြိမ်းခြောက်မှုများအကြောင်းကိုပို့ချခဲ့ပြီး ဒေါ်လင်းလက်က အခြေခံလူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာကလေးသူငယ်ဥပဒေ၊ မြန်မာနိုင်ငံကလေးသူငယ်ဥပဒေပြဌာန်းချက်၊ ကလေးသူငယ်ဥပဒေနှင့်အကြမ်းဖက်ခြင်းများအကြောင်းကိုပို့ချခဲ့သည်။သင်တန်းသို့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တ်ိုင်းနှင့် တနင်္သာရီတိုင်းတို့မှ township officers၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများစုစုပေါင်း ၅၀ကျော်တက်ရောက်ခဲ့ကြသည်။
အခြေခံဥပဒေသိကောင်းစရာများမိတ်ဆက် Read More »
၃ ဖေဖော်ဝါရီလ ,၂၀၂၄ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးဆိုင်ရာအခမ်းအနား (Rebuilding democracy in post-coup Myanmar Event) ကို မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှု (၃) နှစ်ပြည့်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ဒေသစံတော်ချိန် နံနက် (၁၀) နာရီမှ နေ့လယ် (၁၂) နာရီအထိ ဘယ်လ်ဂျီယမ်နိုင်ငံ၏ မြို့တော် ဘရပ်ဆဲလ်မြို့ရှိ ဥရောပပါလီမန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုးက Panel Discussion ၌ အွန်လိုင်းဖြင့်တက်ရောက်ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများ ဆက်တိုက်ရှိနေသည့်ကြားမှ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် မြန်မာပြည်သူတို့၏ ရုန်းကန်မှုများအပေါ်