What is 16 Days of ACTIVISM?
နှစ်စဉ် နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ စုစုပေါင်း၁၆ရက်တာ ကာလကို ၁၆ရက်တာလှုပ်ရှားမှုဟု သတ်မှတ်ကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အသိပညာပေး လှုံ့ဆော်မှုနှင့် လှုပ်ရှားမှုအမျိုးမျိုးကို ကမ္ဘာနှင့်အဝန်းတွင် ပြုလုပ်ကြပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် ပြင်းထန်ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ဟုခေါ်ဆိုသည့်အပြင် ဖဲကြိုးဖြူနေ့ဟုလည်း ခေါ်ဆိုပါသည်။

