ဩဂုတ်လ (၁၂) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့
နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံ၏တော်လှန်ရေးကာလအတွင်း လူငယ်များသည် စစ်အာဏာရှင်၏ဖိနှိပ်ချိုးနှိမ်မှုကိုလက်မခံပဲရဲဝင့်စွာပြန်လည်တုန့်ပြန်နေသော ကာလလည်းဖြစ်ပါသည်။ ယခုကဲ့သို့ အချိန်အခါမျိုးတွင် လူငယ်များ၏ရဲစွမ်းသတ္တိနှင့် အာဏာရှင်စနစ်အား နည်းလမ်းပေါင်းစုံဖြင့် တော်လှန်နေမှု၊ လူငယ်များ၏ ခေါင်းဆောင်မှုများသည် နွေဦးတော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ရေးနှင့် မြန်မာပြည်တွင်း ဒီမိုကရေစီပြန်လည်ရှင်သန်ထွန်းကားရေးတို့တွင် အရေးပါသောကဏ္ဍတစ်ရပ်အနေဖြင့် လည်ပတ်လျှက်ရှိပါသည်။ လူငယ်များ၏ စွမ်းအားဖြင့် ဦးဆောင်နေသော ဤနွေဦးတော်လှန်ရေးခရီး မဝေးတော့ပြီကို မြင်တွေ့ခံစားနိုင်ပြီဖြစ်သလို အင်အားအပြည့်ဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေးအတွက် ရရာလက်နက်၊ ရရာနေရာ၊ ရရာအခွင့်အလမ်းမှ တိုက်ပွဲဝင်နေကြသော လူငယ်များအား ဤနေရာမှ လေးစားစွာဂုဏ်ပြုအပ်ပါသည်။ #MOWYCA #InternationalYouthDay2024
ဩဂုတ်လ (၁၂) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ Read More »





