စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်း လက်မှုပစ္စည်းများ နှင့် ကလေးငယ်များ၏ပန်းချီများ ရောင်းချခြင်းရန်ပုံငွေပွဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့်က
လေးသူငယ်ရေးရာဝန်ကြီးဌာန စီမံကိန်းဒေသ အတွင်းရှိကြသော စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်း လက်မှုပစ္စည်းများ နှင့် ကလေးငယ်များ၏ပန်းချီများကို ရန်ပုံငွေပွဲ အဖြစ် ရောင်းချခဲ့ရာ အိုဆာကာမှဂျပန် ယန်းငွေ (၁၂၀၀၀၀) ၊ ဟော်ကိုင်းဒိုးမှ ဂျပန်ယန်းငွေ (၈၂၀၀၀)၊တိုကျိုမှ ဂျပန်ယန်းငွေ (၆၄၀၀၀) ဖိုး ဝယ်ယူအားပေးခဲ့ပါသည်။ ရရှိလာသော ရန်ပုံငွေများကိုလည်း လိုအပ်မှုများစွာရှိနေသော စစ်ရှောင်စခန်းများနှင့်ကလေးငယ်များ၏ပညာရေး အစီအစဥ်များတွင်ပြန်လည် အသုံးပြုသွားပါမည်။ဝိုင်းဝန်းဝယ်ယူအားပေးခဲ့ကြသော ဂျပန်နိုင်ငံမှ တော်လှန်ညီအကို မောင်နှမများနှင့် မိသားစုများအား ဝန်ကြီးဌာနမှ ဝမ်းမြောက်ဝမ်းသာ အထူးပင်ကျေးဇူးတင်အပ်ပါသည်။

