၂၀၂၄ ခုနှစ်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပြုလုပ်ခြင်း

၂၀၂၄ ခုနှစ်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပြုလုပ်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုခရီးစဉ်၏ ပထမနေ့အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ကိုယ်စားလှယ်များနှင့် ကရင်အမျိုးသမီးအစည်းအရုံးတို့ပူးပေါင်းကာ အမျိုးသမီးများနှင့်မိန်းကလေးများအား အကြမ်းဖက်မှုမှကာကွယ်တားဆီးရေး အသိပညာပေးအစီအစဉ်များကို ကျင်းပခဲ့ပါသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားကို ၆-၁၂-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ အချိန်တွင်ကျင်းပပြီး အမျိုးသမီး ၈၈ ဦး၊ အမျိုးသား ၅ ဦး၊ စုစုပေါင်း ၉၃ ဦးတက်ရောက်ခဲ့ပါသည်။ ထို့နောက် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက “အမျိုးသမီးများနှင့်မိန်းကလေးများအပေါ် ပြုကျင့်နှိပ်စက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လှစ်လျူမရှုသင့်ကြောင်း” ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ကြေညာချက်ကို နော်စေးဖလော့ က ဖတ်ကြားခဲ့ပြီး အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် ဂျန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတို့၏ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပူးတွဲကြေညာချက်ကို အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဌာနမှူး စောသဟဲစရီးမှ ဖတ်ကြားခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပြုလုပ်ခြင်း