အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် ​အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားများ ကျင်းပပြုလုပ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏စိုးမိုးနယ်မြေအတွင်းရှိ မြို့နယ်အထက်တန်းကျောင်း တစ်ကျောင်းတွင် မြို့နယ်အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဌာန နှင့် မြို့နယ်လူ့အခွင့်အရေးဌာနတာဝန်ခံတို့ပူးပေါင်း၍ ၂ -၁၂- ၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းအချိန်၌ မိဘပြည်သူများ၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့်တွေ့ဆုံ၍ လူ့အခွင့်ရေးဆိုင်ရာနေ့ဟောပြောပွဲကို ကျင်းပခဲ့ရာ မြို့နယ် အမျိုးသမီးလူငယ်နှင့်ကလေး သူငယ်ရေးရာတာဝန်ခံများက အမျိုးသမီးနှင့်မိန်းကလေးများအပေါ်လိင်အကြမ်းဖက်မှုအဆုံးသတ်ဖို့တို့များအတူပူးပေါင်းစို့ ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်လူ့အခွင့်အရေး ဌာနတာဝန်ခံက လူ့အခွင့်အရေးဆိုင်ရာနေ့ နှင့်ပတ်သက်၍ လည်းကောင်း ဟောပြောခဲ့ကြပြီး (၁၆ ရက်တာလှုပ်ရှားမှု) ဖဲကြိုးဖြူလှုပ်ရှားမှု ပြုလုပ်ခြင်းတို့ ​ဆောင်ရွက်ခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီး၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏စိုးမိုးနယ်မြေအတွင်းရှိ မြို့နယ်​ဒေသကွပ်ကဲ​ရေးရုံးတွင် ၃ -၁၂- ၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းအချိန်၌ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များအား မကွေးမြို့သူ တစ်ဦးက ဦးဆောင်၍ ၁၆ ရက်တာလှုပ်ရှားမှု(16days campaign activism) ဖဲကြိုးဖြူလှုပ်ရှားမှုနှင့် အမျိုးသမီးနှင့်မိန်းကလေးများအပေါ်လိင်အကြမ်းဖက်မှုအဆုံးသတ်ဖို့ တို့များအတူပူးပေါင်းစို့ ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခဲ့ကြပြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ထုတ်ဝေသည့် Gender basic Violence နှင့်ပတ်သက်သည့် ပန်းဖလက်များဖြန့်ဝေပေးခဲ့ကြပါသည်။

မကွေးတိုင်းဒေသကြီး၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏စိုးမိုးနယ်မြေရှိ မကွေးခရိုင် မကွေးယူနစ်အတွင်း
၄ -၁၂- ၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းအချိန်၌ မြို့နယ်အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာတာဝန်ခံများက မိဘပြည်သူများ၊ အမျိုးသမီးများနှင့် တွေ့ဆုံ၍ အမျိုးသမီးနှင့်မိန်းကလေးများ အပေါ်လိင်အကြမ်းဖက်မှုအဆုံးသတ်ဖို့ တို့များအတူပူးပေါင်းစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး(“END IMPUNITY, END VIOLENCE AGAINST WOMEN”)”ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအမြစ်ဖြတ် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုအဆုံးသတ်” ဆိုင်းဘုတ်များကိုင်ဆောင်၍ ၁၆ ရက်တာလှုပ်ရှားမှု (16days campaign activism) ပြုလုပ်ခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက် လာသူများအား အာဟာရကျွေးမွေးခြင်းနှင့် ဖဲကြိုးဖြူလှုပ်ရှားမှုပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသား ညီညွတ်ရေအစိုးရ၏စိုးမိုးနယ်မြေအတွင်း ၂-၁၂- ၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းအချိန်၌
‌မြို့နယ်အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာတာဝန်ခံများ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် တိုက်နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များက ဦးဆောင်ကာ ရပ်မိရပ်ဖများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ များနှင့် တွေ့ဆုံ၍ ၁၆ ရက်တာ လှုပ်ရှားမှုများအကြောင်း အသိပညာများမျှဝေပေးခြင်း၊ အမျိုးသမီးများအပေါ် လိမ်အကြမ်းဖက်မှုပပျောက်ဖို့ တို့အတူပူးပေါင်းစို့ ခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးခြင်းနှင့် ဖဲကြိုးဖြူကမ်းပိန်းပြုလုပ် ခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသားကျောင်းသူများနှင့်အတူ ဖဲကြိုးဖြူများအား တပ်ဆင်ကာ ကတိပြုခြင်းများပြုလုပ်ခြင်း၊ မုန့်များပေး ဝေခြင်းနှင့် အမှတ်တရ ဓာတ်ပုံရိုက်ခြင်းတို့​ဆောင်ရွက်ခဲ့ကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းတွင် အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာဌာနမှ မြို့နယ်တာဝန်ခံများက
၂၉- ၁၁ -၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စာအုပ်များ၊ စာရေးကိရိယာများထောက်ပံ့ပေးပြီး လေကြောင်းရန်ကာကွယ်ရေး နည်းလမ်းများ၊ GBVအသိပညာပေးဟော‌​ပြောပွဲနှင့် ဖဲကြိုးဖြူကမ်ပိန်းအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာဌာန၊ တာဝန်ခံမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးနေ့ (နိုဝင်ဘာလ ၂၅ ရက်နေ့) ဖြစ်ပေါ်လာပုံအကြောင်းများနှင့် (၁၆ ရက်တာ) ကမ်ပိန်းပြုလုပ်မည့် အစီအစဥ်များပြောကြားခဲ့ပြီး အမျိုးသမီးနှင့်မိန်းကလေးများအပေါ် လိင်အကြမ်းဖက်မှု အဆုံးသတ်ဖို့ အားလုံးပါဝင်ပူးပေါင်းပေးကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြပါသည်။

“အမျိုးသမီးနှင့်မိန်းကလေးများအပေါ် လိင်အကြမ်းဖက်မှု အဆုံးသတ်ဖို့ တို့များအတူ ပူးပေါင်းစို့” UNITE to End Violence Against Women and Girls စာသားကိုကိုင်ဆောင်၍ အမျိုးသမီးလူငယ်နှင့်ကလေး သူငယ်ရေးရာ မြို့နယ်တာဝန်ခံများ နှင့် လူထုသပိတ်၊တို့ ပူးပေါင်းကာ ကျေးရွာပြည်သူလူထုနှင့်အတူ ညသပိတ်စစ်ကြောင်းချီတက်ခဲ့ကြပြီး ပြည်သူလူထုအား အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးနှင့် တော်လှန်ရေးတွင် လူထုပါဝင်အား အစရှိသည်တို့ကို ဟောပြောခဲ့ကြပါသည်။ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကိုရပ်တန့်ရေးလှုပ်ရှားမှုမှသည် နေရာဒေသပေါင်းစုံ အလွှာပေါင်းစုံမှ အမျိုးသမီးများဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုမှ တွန်းလှန် ရုန်းထွက်နိုင်ရန်အတွက်အားလုံးပါဝင်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာများတွင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် မိဘပြည်သူများ၊ အမျိုးသမီးများနှင့်တွေ့ဆုံပြီး UNITES to End Violence Against Women and Girls, 16 days Activism, ဖဲကြိုးဖြူ လှုပ်ရှားမှုနှင့် “အမျိုးသမီးနှင့်မိန်းကလေးများအပေါ် လိင်အကြမ်းဖက်မှု အဆုံးသတ်ဖို့ အားလုံးပါဝင်စို့”ခေါင်းစဉ်ဖြင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့်အတူ မြို့နယ်အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံမှ ဟောပြောဆွေးနွေးခဲ့ပြီး ပြည်သူများနှင့်အတူ လှုပ်ရှားမှု ကမ်းပိန်းသို့ တက်ရောက်လာသည့်အမျိုးသမီးများအား အမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့် ဆပ်ပြာမှုန့်ထုတ်များဝေငှထောက်ပံ့ပေးခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။