ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်လျှက်ရှိသော ပစ္စည်းများလှူဒါန်းခဲ့ခြင်း

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ( ၅ )ရက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလ များတွင် ပဲခူးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တို့တွင် ရေဘေးသင့်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက နှစ်နှစ်အောက် ကလေးများ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက်
အာဟာရ အစားအစာများလှူဒါန်းခြင်းနှင့် ရေဘေးထောက်ပံ့မှုပစ္စည်းများလှူဒါန်းခြင်း
လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။