ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့်ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့်အမှုဆောင်များတွေ့ဆုံခဲ့ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့်ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့်အမှုဆောင်များတွေ့ဆုံခဲ့ခြင်း ၇-၂-၂၀၂၅နေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့်ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂများဖြစ်သော ဂျပန်တနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Rengo) နှင့် အသေးစား၊အလတ်စား စက်ပစ္စည်းထုတ်လုပ်ရေး အလုပ်သမားသမဂ္ဂ(JAM) တို့မှ ဥက္ကဌ၊အမှုဆောင်များနှင့်တွေ့ဆုံခဲ့ပါသည် ။ ပြည်ထောင်စုဝန်ကြီးမှ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အစဉ်တစိုက် အားပေးကူညီပေးနေသည့် အလုပ်သမားသမဂ္ဂတာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် အလုပ်သမားရေးရာကဏ္ဍရပ်များတွင် ချိတ်ဆက်ဆောင်ရွက်ကာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ​၏ အခွင့်အရေးရပိုင်ခွင့်များအား ကူညီကာကွယ်ပေးနိုင်ရန်အတွက် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည် ။ အမျိုးသား ညီညွတ်ရေး အစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး National Unity Government of Myanmar Representative Office- […]

ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့်ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့်အမှုဆောင်များတွေ့ဆုံခဲ့ခြင်း Read More »