၃ ဖေဖော်ဝါရီလ ,၂၀၂၄ ခုနှစ်
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးဆိုင်ရာအခမ်းအနား (Rebuilding democracy in post-coup Myanmar Event) ကို မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှု (၃) နှစ်ပြည့်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ဒေသစံတော်ချိန် နံနက် (၁၀) နာရီမှ နေ့လယ် (၁၂) နာရီအထိ ဘယ်လ်ဂျီယမ်နိုင်ငံ၏ မြို့တော် ဘရပ်ဆဲလ်မြို့ရှိ ဥရောပပါလီမန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုးက Panel Discussion ၌ အွန်လိုင်းဖြင့်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများ ဆက်တိုက်ရှိနေသည့်ကြားမှ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် မြန်မာပြည်သူတို့၏ ရုန်းကန်မှုများအပေါ် ဥရောပသမဂ္ဂက ထပ်မံ၍ အလေးဂရုပြုသည့်အနေဖြင့် တရားမဝင် စစ်အာဏာသိမ်းမှု (၃) နှစ်ပြည့်တွင် အဆိုပါအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည် တည်ဆောက်ရေးအတွက် တက်ကြွစွာ ကူညီထောက်ပံ့ပေးရန် ဥရောပသမဂ္ဂနှင့် သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မည်သို့ ပါဝင်ဆောင်ရွက်သွားနိုင်မည်ကို ဖော်ထုတ်နိုင်ရန်ဖြစ်သည်။
အခမ်းအနားကို Irrawaddy Policy Exchange (IPE) အဖွဲ့က စုစည်းပြီး ဥရောပပါလီမန်၏ Vice President ဖြစ်သူ Heidi Hautala နှင့် ဥရောပပါလီမန် အဖွဲ့ဝင် (MEP) ဖြစ်သူ Patrizia Toia တို့က Host အဖြစ် လက်ခံကျင်းပခဲ့ပါသည်။
ဥရောပပါလီမန်၏ Vice President ဖြစ်သူ Heidi Hautala နှင့် ဥရောပပါလီမန် အဖွဲ့ဝင် (MEP) ဖြစ်သူ Patrizia Toia တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး Independent Analyst and leading authority on Myanmar politics ဖြစ်သူ Martin Smith က နောက်ခံအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Panel Discussion ဆွေးနွေးမှုအစီအစဉ်တွင် Panelist များအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ၊ ဒေါ်မြတ်သီတာထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဆန်နာ လှလှစိုး၊ Chairman of Karenni National Defense Force, member of Karenni State Interim Executive Council ဖြစ်သူ ခွန်ဘီတူး၊ former President of the Italian Parliamentary Association Friends of Burma ဖြစ်သူ Albertina Soliani၊ Special Coordinator of NUG Relations with the European Union ဖြစ်သူ Philipp Annawitt တို့က ပါဝင်ဆွေးနွေးခဲ့ပါသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး က လက်ရှိ “အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ကြောင့် အမျိုးသမီး လူငယ်နှင့်ကလေးများအပေါ် ထိခိုက်မှုများ ဝန်ကြီးဌာနမှလုပ်ဆောင်ထားမှုများ ထုတ်ပြန်ခဲ့သည့်လမူဝါဒ များအကြောင်းဆွေးနွေးခဲ့ပါသည်။
အခမ်းအနားတွင် IPE’s Trustee ဖြစ်သူ Michael Marett-Crosby က Moderator အဖြစ်ဆောင်ရွက်ပြီး former President of the European Commission ဖြစ်သူ Romano Prodi က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
MOWYCA
