Michigan ပြည်နယ်ရှိ Burma Center မှ Executive Director, Christina Khimနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံခြင်း

Michigan ပြည်နယ်ရှိ Burma Center မှ Executive Director, Christina Khimနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Michigan ပြည်နယ် ရှိ Burma Center သို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် အမျိုးသမီးအဖွဲ့များမှ သွားရောက်လေ့လာ၍ လုပ်ငန်းရပ်များအား ဆွေးနွေးအားပေးစကားပြောကြားခဲ့ပါသည်။
Burma Center မှ Executive Director ဖြစ်သော Christina Khim မှ Burma Center ၏ လုပ်ငန်းရပ်များဖြစ်သော မူကြိုကလေးများအစီအစဉ်၊ မြန်မာစာသင်ကြားရေး၊ ကျန်းမာရေး ဝန်ဆောင်မှု၊ အလုပ်အကိုင်ရှာဖွေရေး၊ ဘာသာပြန်လုပ်ငန်း၊ ပညာရေးအစီအစဉ်များ အစရှိသည့်လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ဆောင်ချက်များ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။