အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး (၁၆ ရက်တာလှုပ်ရှားမှုနေ့ ) Gender မူဝါဒ အတည်ပြုခြင်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး (၁၆ ရက်တာလှုပ်ရှားမှုနေ့ ) Gender မူဝါဒ အတည်ပြုခြင်း
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၁ )ရက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ (ဂျန်ဒါအခြေပြု ) အကြမ်းဖက်မှုဆန့်ကျင်ရေး (၁၆) ရက်တာလှုပ်ရှားမှု အဖြစ်(နိုဝင်ဘာ ၂၅ရက်နေ့ )အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှ (ဒီဇင်ဘာ ၁၀ ရက်နေ့) ကမ္ဘာ့လူ့အခွင့်အရေးနေ့အထိ ကို နိုင်ငံတော်အစိုးရများအရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသော အဖွဲ့များက နှစ်စဉ်ကျင်းပလျက်ရှိရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဦးဆောင်၍ နိုင်ငံတစ်ဝှမ်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုလည်း ကာကွယ်တားဆီးနိုင်ရေး မိဘပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ “အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှု အဆုံးသတ်ဖို့တို့များ အတူပူးပေါင်းစို့” ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခြင်း အစီအစဥ်များကို တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များကို မည်သူမဆို၊ မည်သည့်နည်းဖြင့်မဆို လိင်အကြမ်းဖက်မှုများ အဆုံးသတ်ကြရန် ၊အမျိုးသမီးအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း အားလုံး အတူတကွ ပူးပေါင်းတိုက်ဖျက်ကြရန် ၊ ဂျဲန်ဒါမူဝါဒ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမူဘောင်တို့တွင် ပါဝင်သော အကောင်အထည်ဖော်ရမည့် ဂျဲန်ဒါဘတ်ဂျက်၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များ အကြမ်းဖက်မှုကာကွယ်တားဆီးရေးအစီအမံများ၊ အရေးပေါ် အစီအမံများ၊ ဥပဒေအထောက်အကူပြုခြင်းနှင့် ကျန်းမာရေး၊ စိတ်လူမှုအထောက်အကူ ပြုခြင်းများကို ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြရန် စသည့် ဂျဲန်ဒါမူဝါဒကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ရေးဆွဲအတည်ပြုခဲ့ပါသည်။ အဆိုပါ ဂျဲန်ဒါမူဝါဒကို မျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးများအစည်းအဝေး( Cabinet )ထံ တင်ပြအတည်ပြုချက်ရယူဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ( ၂၆ )ရက်နေ့တွင် ကန့်ကွက်မှုမရှိ အတည်ပြု ခွင့်ပြုချက် ရရှိပြီးဖြစ်ပါသည်။