၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ (၁၂ )နာရီ (၅၀)မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံတွင် အင်အားပြင်းသော ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့တွင် အိမ်နှင့်အဆောက်အအုံများ၊ စေတီဘုရားများ၊ ဗလီများ၊ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီး၍ ပြည်သူထောင်ချီသေဆုံးကာ သောင်းနှင့်ချီဒဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာ အရေးပေါ်ကယ်ဆယ်ကုသမှုပေးရန် လိုအပ်လျက်ရှိသည်။
အမေရိကန် နိုင်ငံအစိုးရနှင့် ရှိ အမေရိကန် နိုင်ငံရောက်မြန်မာပြည်သူများမှ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရန် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား Buffalo, Utica New York State များတွင်ရှင်းလင်း ပြောကြားခဲ့ပါသည်။

