အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နှင့် ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများတွေ့ဆုံ

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်ခဲ့သော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရ အဖြစ် ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများမှ အမှတ်တရ မွေးနွေပွဲအား စုပေါင်းပြုလုပ်ခဲ့သည်။
အဆိုပါ မွေးနေ့ပွဲ၏ ရန်ပုံငွေရှာဖွေခြင်း အစီအစဉ်များမှ ရရှိလာသော လှူဒါန်းငွေများထဲမှ ဂျပန်ယန်း ၆၇၅,၅၁၇ အား အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနသို့ လှူဒါန်းခြင်း အစီအစဉ်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဂျပန်နိုင်ငံရေးရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် စောဘလှသိန်း နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ရုံးအဖွဲ့ဝင်များ၊ ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများမှ တက်ရောက်ခဲ့သည်။
လက်ခံရရှိသော လှူဒါန်းငွေများအား ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေးနှင့် စစ်ရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးတို့ကို ဆက်လက်ပြုလုပ်နေပြီဖြစ်သည်။
ဓာတ်ပုံ – Charity Event for Amay Suu’s 79th Birthday