အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား 2025

အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဦးစီးကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား
(၂၀၂၅ မတ်လ ၈ ရက်နေ့(စနေနေ့)၊ မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ)
အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဦးစီးကျင်းပသော ၂၀၂၅ ခုနှစ် မတ်လ (၈)ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား အားပြုလုပ်ကျင်းပခဲ့ရာ နိုင်ငံတော်ယာယီသမ္မတကြီး မှပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊နိုင်ငံတော်ဝန်ကြီးချုပ် မှပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
နော်စူစန်နာလှလှစိုး မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ UN Women ၏ အမျိုးသမီးများနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း များပြုလုပ်ခဲ့ပါသည်။
ဦးဝင်းနိုင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီ၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ JCC-GP ကိုယ်စားပြုအနေဖြင့် ဆရာမ သော်သော်၊ ကရင်အမျိုးသမီးအစည်းအရုံး မှ ဆရာမနော်အယ်တမွီးဖော တွဲဘက်အတွင်းရေးမှုး၂ ၊ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန ကိုယ်စားလှယ် ဆရာမအဂ္ဂသာနုနု တို့မှ အမျိုးသမီးများနေ့ အထိမ်းအမှတ် အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
နော်စူစန်နာလှလှစိုး မှ အမျိုးသားညီညွတ်ရေးအစိုးရ၏ဂျန်ဒါမူဝါအကောင်အထည်ဖော်ရေးအစီအစဉ်နှင့်
အမျိုးသမီးနှင့်ဂျန်ဒါရေးရာဌာနမှုး ဒေါ်သန္တာ မှအမျိုးသားညီညွတ်ရေးအစိုးရ၏အမျိုးသမီး၊ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မဟာဗျုဟာလုပ်ငန်းစဉ်ကိုအသီးသီးတင်ပြခဲ့ပါသည် ။ ထို့နောက်JCC-GP ကိုယ်စား ဆရာVictoryမှ IWD ပူးတွဲကြေညာချက်ကို ဖတ်ကြားခဲ့ပြီး အခမ်းအနားအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။