ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ လူငယ်ရေးရာဌာနကို ဝမ်းမြောက်ကြိုဆိုကြောင်း သဝဏ်လွှာ

ဝမ်းမြောက်ကြိုဆိုကြောင်း သဝဏ်လွှာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်
ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ သည် ကရင်နီပြည် ကြားကာလအစီအမံ အပိုဒ် (၃၆)၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ် (၆) ပြဌာန်းချက်နှင့်အညီ လူငယ်ရေးရာဌာနကို ဖွဲ့စည်းလိုက်ကြောင်း ဝမ်းမြောက်စွာ သိရှိရပါသည်။
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၏ လူငယ်ရေးရာဌာန အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးကို ဦးထိပ်ပန်ဆင်၍ ဤ နွေဦးတော်လှန်ရေးကာလ မှ စတင်၍ လူငယ် ထောက်ပံ့ရေး၊ အကာအကွယ်ပေးရေးနှင့် စွမ်းရည်မြှင့်တင်ရေး တို့အတွက် လူငယ်ဗဟိုပြု မူဝါဒများ နှင့် အစီအမံများဖြင့် လူငယ့်ပါဝင်မှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ အခွင့်အလမ်းများကို နိုင်ငံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စသည့် တိုင်းပြည်အတွက်အရေးကြီးသည့် ကဏ္ဍ အသီးသီးတွင် လူငယ်များနှင့်ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းဆောင်ရွက်လျက်ရှိပါသည်။ ယခုကာလသည် ပိုမိုကောင်းမွန်သော အနာဂတ်နိုင်ငံတော်သစ်ကြီး အတွက် အမှောင်ခေတ်ကို ကျော်ဖြတ်နေကြရပြီး မတူညီသော လူမျိုးစုအသီးသီး၊ ကိုးကွယ်ယုံကြည်မှုအသီးသီး၊ ကျား/မ/လိင်စိတ်ခံယူမှု အသီးသီးနှင့် စုံလင်ကွဲပြားသော လူငယ်တို့သည် အတူလက်တွဲတိုက်ပွဲဝင်နေကြသည်။
ကျွန်ုပ်တို့ လူငယ်ရေးရာဌာန အနေနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လူငယ်ရေးရာဌာန ဖွဲ့စည်းမှုအပေါ် ဝမ်းမြောက်ကြိုဆိုပါကြောင်း နှင့် လူငယ်ရေးရာလုပ်ငန်းစဉ်များတိုင်း၌ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လွတ်လပ်ခွင့် အပြည့်အဝရရှိသော ဖက်ဒရယ်ယူနစ်များ နှင့် ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်သည်အထိ အတူလက်တွဲဆောင်ရွက်လိုပါကြောင်း သဝဏ်လွှာပါးလိုက်ပါသည်။